ကြားကာလ သက်မွေးပညာရေး အစီအစဥ်
ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာကော်မတီမှ လူငယ်၊ လူရွယ်များ စဉ်ဆက်မပြတ် လေ့လာဆည်းပူး နိုင်ခွင့် ရရှိစေရေးအတွက် အောက်ဖော်ပြပါ ကြားကာလ ပညာရေး အစီအစဉ်များ ပြင်ဆင်နေပါသည်။
နည်းပညာ ကောလိပ်၊ သိပ္ပံ၊ အထက်တန်းကျောင်းများမှ နောက်ဆုံးနှစ်သင်တန်းများ
ကုန်ပစ္စည်း ထုတ်လုပ်ရေး သက်မွေးပညာ နှင့် နည်းပညာ ကာလတိုသင်တန်းများ
သင်ခန်းစာများကို ကိုယ်တိုင်လေ့လာနိုင်ရန် ရုပ်သံဖိုင်များ၊ မှတ်စုများ ပြုလုပ်၍ သင်ယူလေ့လာ မှုမှတ်တမ်းထားရှိနိုင်သော အင်တာနက်စာမျက်နှာတွင် ထားရှိမည်ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ဝင်ရောက်မှတ်ပုံတင်၍ အချိန်မရွေး လေ့လာနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။
နည်းပညာ ကောလိပ်၊ သိပ္ပံ ဒုတိယနှစ် နှင့် ပထမနှစ် သင်တန်းများ၊ နည်းပညာ အထက်တန်း ကျောင်း ပထမနှစ် သင်တန်းများအတွက်လည်း သင်ခန်းစာများကို ဆက်လက်ပြုစု ထားရှိ သွားမည် ဖြစ်ပါသည်။
ကုန်ပစ္စည်း ထုတ်လုပ်ရေး သက်မွေးပညာ နှင့် နည်းပညာ ကာလတိုသင်တန်းများအား သက်မွေး ပညာ စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။