ကြားကာလပညာသင်ကြားရေးအစီအစဉ်များ

ခေတ်အဆက်ဆက် အာဏာရှင်များနှင့် စစ်အာဏာရှင်တို့သည်နိုင်ငံကို အဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်ခဲ့သည်။ ထို့အပြင် ဖြစ်ထွန်းစ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုဖျက်ဆီးကာ ၂၀၂၁ ဖေဖေါ်ဝါရီလမှစ၍ စစ်အာဏာရှင်တစ်စုက အကြမ်းဖက် တရားမဲ့ အာဏာသိမ်းခဲ့မှုကြောင့် မြန်မာ့ပညာရေးသည်လည်း နှောင့်နှေးမှုများဖြစ်ခဲ့ရသည်။ မိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရပါသည်။ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးမှ ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင်ခဲ့ကြသည်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီမှ နိုင်ငံကိုအေးချမ်းဟန်ဆောင်ကာ ကျောင်းများဖွင့်လှစ်ခဲ့သော်လည်း ဆရာ၊ဆရာမအများအပြားနှင့် နိုင်ငံအဝန်းမှ ကျောင်းသား၊ ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော်သည် မိမိတို့၏ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကာ ၄င်းတို့ဖွင့်လှစ်သော ကျောင်းများတွင် စာသင်ကြားခြင်း၊ စာရင်းသွင်း တက်ရောက်ခြင်းများ မပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် CDM ကျောင်းသား၊ ကျောင်းသူများအတွက် စဉ်ဆက်မပြတ် ပညာရေးများ ဆက်လက် သင်ယူခွင့်ရရန် ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအပြင် ပညာရေးအသိုင်းအဝိုင်းနှင့် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီး၏စုပေါင်းညီညွတ်သောအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပညာရေးဝန်ကြီးဌာန၏ ကဏ္ဍကြီး (၄) ရပ်ဖြစ်သော အခြေခံပညာရေးအဆင့်မြင့်ပညာရေးသက်မွေးပညာရေးနှင့် ဆရာအတတ်သင်ပညာရေးကဏ္ဍအားလုံးတွင် Online သင်ကြားရေးသာမက၊ မြေပြင်သင်ကြားရေးလုပ်ငန်းများပါ စတင်ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါသည်။

မျှော်မှန်းချက် | ရည်မှန်းချက် | ဦးတည်ချက်

ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/

မျှော်မှန်းချက်

  • ပညာရည်မြင့်မား၍ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်း လာ၍ နိုင်ငံသားခံစားခွင့်နှင့် စီးပွားရေးဆိုင်ရာ အကျိုးခံစားခွင့်များတွင် အားလုံးပါဝင်မျှဝေခံစား မြှင့်တင်နိုင်စေမည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်။
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/

ရည်မှန်းချက်

  • မတူကွဲပြားမှုကို အခြေတည်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပညာရေးစနစ် နှင့် အားကောင်းသော သင်ကြားရေးအဖွဲ့အစည်းများကို ဖော်ဆောင်ခြင်းဖြင့် ပညာရည်မြင့်မားသော နိုင်ငံသားများနှင့် ဒေသတွင်းနှင့်နိုင်ငံတကာတို့တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော လုပ်သားအင်အားများ ပေါ်ထွန်းလာ စေရန်။
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/

ဦးတည်ချက်

  • မတူကွဲပြားမှုကို အခြေတည်သော ဒီမိုကရက်တစ်ဖက်ဒရယ် ပညာရေး စနစ်တစ်ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော် တည်ဆောက်ရန်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ စဉ်ဆက်မပြတ်ပညာရေး ရရှိနိုင်စေရန် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ လူကြီးမင်းတို့၏ ထည့်ဝင်မှုများကြောင့် ဝန်ကြီးဌာနအနေနှင့် ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ပညာရေးအဖွဲ့အစည်းများ၊ စီဒီအမ်ဆရာ၊ ဆရာမများ၊ စေတနာဝန်ထမ်းပညာရေးပံ့ပိုးပေးသူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ပညာရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ NUGPay သို့မဟုတ် နွေဦးဘဏ်များမှတဆင့် ပညာရေးအတွက် ထောက်ပံ့နိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပအလှူရှင်များကို ကြိုဆိုလျက်ရှိပြီး အခြားသော လှူဒါန်းပံ့ပိုးမှုများလည်း media@moe.nugmyanmar.org မှတဆင့် ဆက်သွယ်ချိတ်ဆက်လှူဒါန်းနိုင်သည်။
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/