သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန

ပင်မစာမျက်နှာ

Theme: “Towards Federal Democratic Nation through Education”
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ CDM ဆရာ ဆရာမများ၊ ဝန်ထမ်းများအတွက် အောက်ပါအကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူး၍ Spring Success Research Conference ကို (၂၅.၅.၂၀၂၄) မှ (၂၇.၅.၂၀၂၄) အထိ ကျင်းပမည်ဖြစ်ပါသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ CDM ပညာရေးဝန်ထမ်းများ၏ သုတေသန အရည်အသွေးကို မြှင့်တင်ပေးရန်။
  • ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရာတွင် ကွန်ဖရင့်မှ ရရှိလာသော သုတေသနရလဒ်များက အထောက်အကူပြုစေရန်။
  • ဖက်ဒရယ်ပညာရေးစနစ်အတွက် လိုအပ်ချက်များကို သုတေသနရလဒ်များမှ ဖော်ထုတ် ဖြည့်ဆည်း ပေးနိုင်ရန်။
  • တီထွင်ကြံဆမှု စဉ်းစားတွေးခေါ်နိုင်မှုနှင့် စဉ်ဆက်မပြတ်ပညာရေးတွင် ဆရာများ၏စွမ်းရည် တိုးမြင့်လာစေရန်။
  • Covid 19 နှင့် အာဏာသိမ်းချိန်အတွင်း မြန်မာနိုင်ငံ၏စိန်ခေါ်မှုများကို ဝေဖန်ပိုင်းခြားစိတ်ဖြာ နားလည်မှုမြှင့်တင်ရန်။
သုတေသနစာတမ်းအကျဉ်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၈) ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ Mail နှင့် Google formကို ဖြည့်စွက်ပေးပို့နိုင်ပါသည်။

ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/research-and-development/   ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/research-and-development/   ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/research-and-development/

 

On the 14th December 2023, a one-day workshop “Education Administration of some Federation Nations: Insights to Federal Education System of Myanmar” was held from 12:00 to 4:00 p.m. Read more …

On the 18th to 19th December 2023, a two-days workshop was held from 1:00 to 3:00 p.m. The workshop title is “Workshop on Raising the Myanmar Primary and Secondary Teacher’s’ Awareness of Competency-based Education” Read more …

သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကို ၃၀ ရက် ဒီဇင်ဘာလတွင် ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဌာနဖွဲ့စည်းရခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် သုတေသနလုပ်ငန်းများလုပ်ဆောင်ပြီး ကြားကာလအတွင်း သမိုင်းအထောက်အထားများ ကျန်ရစ်စေရန်အတွက် သုတေသနစာတမ်းများ ထွက်ပေါ်လာ စေရန်နှင့် သုတေသနဆိုင်ရာပညာများမျှဝေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ် ပါသည်။ စတင်ဖွဲ့စည်းစဉ် အဖွဲ့ဝင်(၂၃)ဦး ဖြင့်စတင်ခဲ့ရာ ယခုအချိန်တွင် အဖွဲ့ဝင်ပေါင်း (၄၀)ဦး တို့သည့် လုပ်ငန်းအလိုက် အဖွဲ့ငယ်များဖွဲ့စည်းပြီး သုတေသနလုပ်ငန်းများကို ခွဲဝေလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

မျှော်မှန်းချက်

ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် လိုအပ်သော အရည်အသွေးရှိပြီး ဆန်းသစ် တီထွင်မှုရှိ သည့် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြားကာလနှင့်အသွင် ကူးပြောင်း ရေး ကာလများတွင် အချိန်မီ စနစ်တကျ လုပ်ဆောင်ရန်။

ရည်မှန်းချက်

ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် သုတေသန လေ့လာသူတိုင်းအတွက် ပညာရေးရလဒ်များနှင့် အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာစေရန် ကူညီထောက်ပံ့ပြီး ကတိကဝတ်ပြု၍ ပြီးပြည့်စုံသော သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ပညာရေးနယ်ပယ်ကို တိုးတက်စေရန်။

ရည်ရွယ်ချက်များ

  • ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက် ရေးတို့အတွက် အထောက်အကူဖြစ်စေမည့် ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန်။
  • အနာဂတ်လူငယ်များ၏ မျှော်မှန်းချက်များနှင့် ကိုက်ညီမည့် သင်ကြားသင်ယူမှုဆိုင်ရာ သုတေသန များဆောင်ရွက်ရန်။
  • ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် ပညာရေးနှင့်ဆိုင်သည့် သုတေသနများ ဆောင်ရွက်ရန်။
  • ခေတ်နှင့်လျော်ညီသော ပညာရပ်ဆိုင်ရာ သုတေသနများနှင့် လိုအပ်သော အခြေခံအဆောက် အအုံများ ခိုင်မာအားကောင်းလာနိုင်ရေးအတွက် ဆောင်ရွက်ရန်။
  • သုတေသနရလဒ်များကို ပညာရေးဆိုင်ရာမူဝါဒများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်အကောင် အထည် ဖော်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများထံသို့ ပံ့ပိုးတင်ပြခြင်း ပူးပေါင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်ရန်။

လုပ်ငန်းတာဝန်များ

  • ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်ရန်လိုအပ်သည့် အကြောင်းအရာ နယ်ပယ်များအလိုက် သုတေသနစီမံကိန်းများ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
  • ဝန်ကြီးဌာနမှ တာဝန်ပေးအပ်လာသော သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • သုတေသနလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖော်ထုတ်သတ်မှတ်ကာ ဦးစားပေး အလိုက် စီစဉ်ဆောင်ရွက်ခြင်း။
  • ပြည်တွင်းရှိ ပညာရေးဆိုင်ရာသုတေသနများ ခိုင်မာအားကောင်းစေရန်နှင့် လိုအပ်သော အခြေခံအဆောက်အအုံများ ပေါ်ထွန်းနိုင်ရေးအတွက် စစ်တမ်းများကောက်ယူခြင်း၊ သုတေသန ပြုခြင်း နှင့် သုတေသနသင်တန်းများပို့ချ ဆောင်ရွက်ခြင်း။
  • ခေတ်နှင့်လျော်ညီသော ပညာရပ်ဆိုင်ရာ သုတေသနများနှင့် လိုအပ်သော အခြေခံ အဆောက် အအုံများ ခိုင်မာအားကောင်းလာနိုင်ရေးအတွက် ဆောင်ရွက်ခြင်း။
  • သုတေသနရလဒ်များ၊ အစီရင်ခံစာများကို ပညာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများထံ ပေးပို့ခြင်းများနှင့် လိုအပ်ပါက တွေ့ဆုံဆွေးနွေးခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်း များကို လုပ်ဆောင်ခြင်း။

E Resources

Open access databases and resources play a crucial role in advancing research by providing researchers with open access to a wealth of information. These platform links are information for researchers to find and use scholarly resources. The following links are a collection of useful and scholarly information on some notable open source database websites.

ERIC is an online digital library of education research and information. It provides access to a vast collection of Education research, policy, scholarly articles, reports, and other resources related to education. (https://eric.ed.gov/)

Taylor & Francis is a well-known academic publisher that provides access to a wide range of scholarly journals covering various disciplines, including science, technology, medicine, social sciences, and humanities…etc. (https://www.tandfonline.com/)

SPIE (International Society for Optics and Photonics) Digital Library is a comprehensive collection of research articles, conference proceedings, and other resources related to optics, photonics, and imaging technologies..etc. (https://www.spiedigitallibrary.org/journals)

IEEE Xplore is a digital library providing access to a vast collection of publications from the Institute of Electrical and Electronics Engineers (IEEE) and its partners. It covers a wide range of topics in electrical engineering, computer science, and electronics. (https://ieeexplore.ieee.org/Xplore/home.jsp)

Cambridge Core is the online platform for Cambridge University Press’s academic content. It includes journals and books across various disciplines, including science, technology, medicine, social sciences, and humanities.. etc. (https://www.cambridge.org/core/)

JSTOR is a digital library that provides access to academic journals, books, and primary source materials. While JSTOR primarily requires a subscription for access to its full range of content, they do offer some open access content. (https://www.jstor.org/open/)

IOPScience is the online platform for the Institute of Physics, providing access to a wide range of scientific and technical publications in the field of physics. (https://iopscience.iop.org/journalList)

SAGE is a leading international publisher of academic and professional content, covering a diverse range of disciplines, including social sciences, humanities, and natural sciencesm….etc. (https://journals.sagepub.com/home/sgo)

Springer is a major academic publisher, and Springer Open is their platform for open-access journals, allowing researchers to freely access and share scholarly articles. (https://www.springeropen.com/)

RSC is a prominent scientific society and publisher specializing in the field of chemistry. They publish a wide range of journals, books, and other resources related to chemical sciences. (https://pubs.rsc.org/)

Research Gate is a social networking site for researchers. It allows academics to share their publications, collaborate with other researchers, and access a vast collection of scholarly articles. (https://www.researchgate.net/)

BioOne is a nonprofit publisher that provides access to a collection of high-impact, peer-reviewed journals in the biological, ecological, and environmental sciences. etc. (https://bioone.org/)

DOAB is a platform that provides access to open-access books from various publishers. It aims to increase the discoverability of high-quality, peer-reviewed open-access books. (https://www.doabooks.org/)

PMC is a free full-text archive of biomedical and life sciences journal literature. It provides access to a vast collection of articles and research papers, making it an invaluable resource for researchers in the medical and biological sciences. (https://pubmed.ncbi.nlm.nih.gov/)

DOAJ is a comprehensive directory that indexes and provides access to high-quality, open-access, peer-reviewed journals across various disciplines. It offers a platform for researchers to discover reputable open-access journals. (https://doaj.org/)

Europe PMC is a database of life sciences and biomedical literature. It provides access to a vast collection of articles, abstracts, and other research outputs, supporting researchers in the European region. (https://europepmc.org/)

SSRN is a repository for research in the fields of social sciences. It includes working papers and preprints, allowing researchers to share their findings quickly and receive feedback from the academic community. (https://www.ssrn.com/index.cfm/en/)

Useful Links

FreePik, a website that offers free high-quality photos, vector images, illustrations and PSD files for their creative projects. (https://www.freepik.com/free-photos-vectors/rural-myanmar/)

Creative Commons (CC) search, which provides free licences for creators to use when making their work available to the public. These licences help the creator to give permission for others to use the work in advance under certain conditions. (https://search.creativecommons.org/)

Best Scholarships for International Students 2024-2025. It appears to be related to scholarships based on the URL. (https://www.scholarshiptab.com/best-scholarships)

This website seems to focus on providing information about fully-funded scholarships for the years 2023-2024, 2024-2025. It might be a resource for individuals seeking information about scholarship opportunities. (https://opportunitiescorners.com/)

Coursera offers a diverse range of courses, specializations, and degrees in fields such as business, computer science, data science, health, and more. Coursera partners with universities, organizations, and industry experts to provide courses on various topics. some courses are available for free, Coursera is also offer paid options for certification or access to additional features. (https://www.coursera.org/)

edX provides a variety of courses, micro-masters programs, and professional certificates across different disciplines, including science, engineering, business, and humanities. edX is a collaboration between universities and institutions worldwide. (https://www.edx.org/)

JobsDB was a popular online job portal that connects job seekers with employers across various industries. It provided a platform for employers to post job listings and for job seekers to search and apply for positions. Users could create profiles, upload resumes, and receive job alerts based on their preferences. (https://www.jobsdb.com/)

This seems to be related to CV or resume services. Websites like these may offer free or paid templates for creating professional resumes or CVs. Users can usually choose from various designs and formats to customize their CVs. Additionally, such sites might provide tips and advice on creating effective resumes. (https://www.coolfreecv.com/index.php)

This is to be another platform offering CV or resume templates. Users can likely find a variety of templates that they can download and use to create their own resumes. Some sites might offer both free and premium templates, with premium options providing additional features or more advanced designs. (https://www.cv-template.com/en)

သင်တန်းများ

နိဒါန်း

ကြားကာလ ပညာသင်ကြားရေးကဏ္ဍတွင် သုတေသနလုပ်ငန်းများကို စနစ်တကျ ပြုလုပ်နိုင်ရန်နှင့် သုတေသနဆိုင်ရာ သင်ကြားရေးနှင့်ပတ်သက်သော အကြောင်းအရာ အချက်အလက်များ ပံ့ပိုးပေးလျက်ရှိပါသည်။ 

ရည်ရွယ်ချက်

ကြားကာလ ပညာသင်ကြားရေးတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် သုတေသီများသည် မိမိတို့ရှိနေသည့် နေရာတွင် တွေ့မြင်ရသည့် အတွေ့အကြုံများကို စနစ်တကျ သုတေသန ပြုလုပ်နိုင်စေရန်နှင့် သုတေသနဆိုင်ရာ ပညာများကို ပြန်လည်မျှဝေနိုင်စေရန် အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်ပါသည်။ 

သင်တန်းကာလ

အခြေခံသုတေသနသင်တန်းများမှာ (သင်တန်းချိန် – ညနေ ၄း၀၀ နာရီ မှ ၅း၀၀ နာရီထိ)

  • ပထမအသုတ်
    • သုတေသနစာတွေ့သင်ကြားခြင်း – (၁)လ (၁၅.၅.၂၀၂၃ – ၆.၆.၂၀၂၃)
    • သုတေသနပြုလုပ်သည့်အချိန် – (၄)လ (၇.၆.၂၀၂၃ – ၈.၁၀.၂၀၂၃)
    • Submitted (၈.၁၀.၂၀၂၃)
    • သင်တန်းသားဦးရေ – (၂၇)ဦး
    • သုတေသနစာတမ်းပေါင်း – (၉)စောင်
    • သင်ကြားရေးအစီအစဉ် – အွန်လိုင်းဖြင့်သင်ကြားခြင်း
  • ဒုတိယအသုတ်
    • သုတေသနစာတွေ့သင်ကြားခြင်း – (၁)လ (၉.၈.၂၀၂၃ – ၅.၉.၂၀၂၃)
    • သုတေသနပြုလုပ်မည့်အချိန် – (၄)လ (၂၀.၁၀.၂၀၂၃ – ၈.၁.၂၀၂၄)
    • Submitted (၈.၁.၂၀၂၄)
    • သင်တန်းသားဦးရေ – (၂၉)ဦး
    • သုတေသနစာတမ်းပေါင်း – (၉)စောင်
    • သင်ကြားရေးအစီအစဉ် – အွန်လိုင်းဖြင့်သင်ကြားခြင်း
  • တတိယအသုတ်
    • သုတေသနစာတွေ့သင်ကြားခြင်း – (၁)လ (၁၉.၁၀.၂၀၂၃ – ၁၉.၁၁.၂၀၂၃)
    • သုတေသနပြုလုပ်မည့်အချိန် – (၄)လ (၂၅.၁၂.၂၀၂၃ – ၁၅.၃.၂၀၂၄)
    • Submitted (၁၅.၃.၂၀၂၄)
    • သင်တန်းသားဦးရေ – (၁၈)ဦး
    • သုတေသနစာတမ်းပေါင်း – (၉)စောင်
    • သင်ကြားရေးအစီအစဉ် – အွန်လိုင်းဖြင့်သင်ကြားခြင်း

နိဂုံး

အခြေခံသုတေသန ရက်တိုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် သုတေသနဆိုင်ရာ သဘောတရားများကို လက်တွေ့ကျကျ သိရှိနားလည်သဘောပေါက်လာသည် သာမက လက်ရှိ သုတေသနပြုလုပ်နေသူများအတွက် သုတေသန ဆိုင်ရာလုပ်ငန်းများကို စနစ်တကျပြုလုပ် ဆောင်ရွက်နိုင်မည့်အပြင် သင်ကြားမှုများအတွက်လည်း များစွာ အထောက်အပံ့ ပေးနိုင်သည့် သင်တန်းဖြစ်ပါသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် နိုင်ငံသားတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာ ဘာလဲဆိုတာကို မဖြစ်မနေသိဖို့လိုအပ်ပါသည်။  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာန သည် ထိရောက်သော ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်ရန် အတွက် ဖက်ဒရယ်နှင့် ဒီမိုကရေစီတန်ဖိုးများနှင့် သက်ဆိုင်သည့် ပညာရေးအလေ့အကျင့်များကို အဖွဲ့အစည်း ဆိုင်ရာ ဦးစားပေးမူဝါဒများ ချမှတ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒနှင့် ကိုက်ညီမည့် အဆင့်မြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနသည် ဖက်ဒရယ် ဒီမိုကရေစီပညာရေးနှင့် ပတ်သက်သည့် ဖက်ဒရယ်ပညာရေးအဖွဲ့အစည်း၊ ပညာရှင်များ ၏ အကူအညီကို ရယူကာ ဖက်ဒရယ်ပညာရေး စီမံခန့်ခွဲမှုအသိပညာဖြန့်ဝေခြင်းသင်တန်းများကို စီစဉ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ဖက်ဒရယ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖက်ဒရယ်နိုင်ငံတစ်နိုင်ငံ၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်စနစ်တွင်အရေးပါသော အာဏာခွဲဝေမှု၊ ဘဏ္ဍာငွေခွဲဝေမှု၊ ဒေသန္တရအုပ်ချုပ်ရေး၊ ကျားမတန်းတူညီမျှမှု၊ ဖက်ဒရယ်ပညာရေး အစရှိသော ကဏ္ဍများကို သက်တမ်းရင့်ဖက်ဒရယ်နိုင်ငံများ၏ ယနေ့ခေတ်ရင်ဆိုင် ကြုံတွေ့နေရသော စိတ်ခေါ်မှုများနှင့် နှိုင်းယှဉ်လေ့လာနိုင်မှာဖြစ်သည်။

ဖက်ဒရယ်ပညာရေး စီမံခန့်ခွဲမှုအသိပညာဖြန့်ဝေခြင်းသင်တန်းကို ၁၁.၁၁.၂၀၂၂ တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် (၉)ကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ သင်တန်းသား (၁၅၀၃)ဦးကို Internet data support (၅)သောင်းကျပ်စီ နှင့် certificate တို့ကို ချီးမြှင့်နိုင်ခဲ့ပါသည်။ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Education in Emergency ကဏ္ဍတွင် Teacher Well-being ဆိုင်ရာ သုတေသနဆောင်ရွက်ရန် ပြည်ပ ပညာရှင် နှစ်ဦး (Dr.Elly and Dr.Jenny )နှင့် ချိတ်ဆက်ထားရှိပြီး (20th September 2022) နေ့မှစ၍ (၄)ရက်တာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး  HE, BE, TVET မှ စိတ်ဝင်စား သည့် ဆရာမ၊ ဆရာမ (၃၀)ဦး အား သင်တန်းပို့ချနိုင်ရန် ဆောင်ရွက်ပြီးစီးခြင်း ၂၀၂၂ ခုနှစ် စက်တင် ဘာလ ၂၀ ရက်နေ့မှစ၍ ၂ ပတ် (၁) ကြိမ် အင်္ဂါနေ့ ည ၇နာရီခွဲတွင် အောင်မြင်စွာ ပို့ချနိုင်ခဲ့သည်။ 

Teacher Well-being အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် –

  • ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာရရှိရေးကို မြှင့်တင်ရန်။
  • ဆရာများအတွက် အဆင်ပြေစေမည့် အလုပ်ပတ်ဝန်းကျင်များ ဖန်တီးရန်။
  • ဆရာ၏အသံနှင့် ခေါင်းဆောင်မှုတို့ကို မြှင့်တင်ရန်။

သုတေသနစာတမ်းများ

မြန်မာနိုင်ငံရှိ ပညာရေးကဏ္ဍ မှ စီဒီအမ်တွင်ပါဝင်သူများ၏ လိုအပ်ချက်များအား အကဲဖြတ်ခြင်းဆိုင်ရာ ပဏာမလေ့လာခြင်းစာတမ်း အပြည့်အစုံအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အောက်ပါ link များတွင် ရယူနိုင်ပါသည်။

မြန်မာဘာသာဖြင့်ဒေါင်းလုပ်ရယူရန် | အင်္ဂလိပ်ဘာသာဖြင့်ဒေါင်းလုပ်ရယူရန်

၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆရာ/ဆရာမ များ ဝန်ထမ်းများ၏ ရင်ဆိုင် တွေ့ နေသော အခက်အခဲများ နှင့် ကြားကာလပညာရေး ဆောင်ရွက်မှုစစ်တမ်းများကို ဂရပ်များဖြင့်ဖော်ပြပါသည်။ အသေးစိတ်ဖတ်ရှုရန်

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ရန့တွင် စစ်အာဏာသိမ်းခဲ့ပါသည်။ အာဏာ သိမ်းမှု အစောပိုင်းကာလတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြမှုများ နိုင်ငံတစ်ဝှမ်း တွင် သန်းနှင့်ချီသော ပြည်သူများက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။  ထိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု အပေါ် စစ်အာဏာရှင်တို့သည် ရက်စက်စွာနှိမ်နင်းခဲ့ပါသည်။ ထိုနှိမ်းနင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများသည် Civil Disobedience Movement (CDM) စီဒီအမ် ဟုခေါ်သော အကြမ်းမဖက် သော နည်းဖြင့် အာဏာဖီဆန်သော လှုပ်ရှားမှုကို သန်းနှင့်ချီသော နိုင်ငံသားများသည် ပူးပေါင်း ဆန့်ကျင် ပါဝင်ခဲ့ကြသည်။ ထို Civil Disobedience Movement (CDM) စီဒီအမ်လှုပ်ရှား မှုတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာနှင့်အဆင့်မြင့်ပညာ မှ ဆရာ၊ ဆရာမ များ၊ ကျောင်းသားများသည် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ထို့အတူ မတရားဖိနှိပ်မှုများကို လက်မခံနိုင် သော Generation Z (Gen-Z) ခေါ်လူငယ်များသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ရည်ရွယ်ချက် ဖြင့် နောက်ပိုင်းတွင် ရရာလက်နက်စွဲကိုင်ကာ ခုခံတွန်းလှန်ရန်အတွက် စစ်ပညာများ သင်ယူ၍ နိုင်ငံအနှံ တွင် ခုခံတွန်းလှန်ရန် ဆုံးဖြတ်ခဲ့ကြသည်၊ ထို့ကြောင့်ပြည်သူ့ကာကွယ်ရေးအင်အားစု (People Defense Forece (PDF) ပီဒီအက်ဖ် အင်အားစုများပေါ်ပေါက်လာခဲ့သည်။ သုတေသနတွေ့ရှိချက်များအရ စီဒီအမ်တွင်ပါဝင်သူများ၏ သဘောထားအမြင်များ လက်ရှိလူမှုစီးပွားရေး ပညာရေး စိတ်ပိုင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် တော်လှန်ရေးတွင် ရင်ဆိုင်နေရသော အခြေအနေမှန်များကို လေ့လာတွေ့ရှိရပါသည်။ လေ့လာတွေ့ရှိရသော စီဒီအမ်တွင် ပါဝင်သူများ၏ လိုအပ်ချက်များကို အကဲဖြတ်မှုမှ ကြားကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒများ မဟာဗျူဟာများနှင့် ဥပဒေများရေးဆွဲချမှတ်နိုင်ရေးအတွက် အထောက်အပံ့အဖြစ်အကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်

ဤသုတေသနစာတမ်းတွင် စီဒီအမ်ကျောင်းသား/သူများ ကြုံတွေ့နေရသည့် လူမှုဘဝအခြေ အနေများ၊ ပညာရေးအခက်အခဲများကို လေ့လာဆန်းစစ်ပြီး  ကြားကာလ၊ အသွင်ကူးပြောင်းရေး ကာလနှင့် ပြန်လည်တည်ဆောက်ရေးကာလ အသီးသီးအတွက် လိုအပ်သောပညာရေး အစီအစဉ် များကို စဉ်ဆက် မပြတ် လေ့လာဖော်ထုတ်ကာ အကြံပြုချက်များပေးနိုင်ရန် ရည်ရွယ်၍ အမျိုုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန၊ ကြားကာလပညာ ရေးဆိုင်ရာ သုတေသနအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤသုတေသနတွင် အရည်အသွေးပိုင်းဆိုင်ရာ လေ့လာသည့် နည်းလမ်း (qualitative methodology)နှင့် အရေအတွက်ပိုင်းဆိုင်ရာလေ့လာသည့် နည်းလမ်း (quantitative methodology)  ကို အသုံးပြုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် မေလ အထိ အဆင့် (၃)ဆင့်ခွဲကာ လေ့လာခဲ့သည်။ 

  • အဆင့် (၁) အကြို လေ့လာမှုအင်တာဗျူးတွင် မတူညီသော နယ်ပယ်များမှ ဆရာ၊ ဆရာမ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူ၊ ကျောင်းသား-ပီဒီအက်ဖ် နှင့် စစ်သား စုစုပေါင်း (၈)ဦး၊
  • အဆင့် (၂) Google form စစ်တမ်းတွင် အွန်လိုင်းမှ ပါဝင်ဖြေဆိုသူ စီဒီအမ် ကျောင်းသား/သူပေါင်း (၁၅၃၅၁) ဦး နှင့်
  • အဆင့် (၃) အင်တာဗျူးဖြေဆိုရာတွင် ပြည်သူ့ ကာကွယ်ရေးတပ်များတွင် တာဝန်ထမ်းဆောင် နေကြသော ကျောင်းသား ကျောင်းသူ နှင့်ဝန်ထမ်း(၃၄)ဦး

အသီးသီး  ပါဝင် ခဲ့ကြပြီး ရလဒ်များကို အနှစ်ချုပ်အားဖြင့် စီဒီအမ်ကျောင်း သား/သူများ၏ လက်ရှိလူမှု ဘဝအခြေအနေ အခက်အခဲများ၊ ပညာရေး လိုအပ်ချက်များနှင့် အနာဂါတ် ပညာရေး မျှော်မှန်းချက်များ ဟူ၍လေ့လာ ဖော်ထုတ်နိုင်ခဲ့ သည်။

အကြံပြုချက်များအနေဖြင့် စီဒီအမ် ကျောင်းသား/သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အကြံပြုချက်၊ စီဒီအမ်ကျောင်းသား/သူများ၏ အခက်အခဲ များကို ဖြေရှင်းနိုင်ရေး အကြံပြုချက် နှင့် စီဒီအမ်ကျောင်းသား/သူများအတွက် အခွင့်အလမ်းများ ဖော်ထုတ် အကောင်အထည် ဖော်နိုင်ရေးဟူသည့် အကြံပြုချက် (၃) ချက်ကို ဖော်ထုတ်ထားသည်။

ထို့အပြင် စီဒီအမ် ကျောင်းသား ကျောင်းသူများ၏ အခက်အခဲနှင့်လိုအပ်ချက်များ၊ စွန့်လွှတ်ခဲ့ရသော ပညာရေး မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် မူဝါဒရေးဆွဲ အကောင်အထည် ဖော်သူများ၊ စီဒီအမ် ဆရာ/မများ၊ ပြည်တွင်း/ပပညာရှင်များ၊ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများမှ တာဝန် ယူကာ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ပေးရန်ပြုစုထားခြင်းဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန်

(၂၈-၅-၂၀၂၃) – (၂-၆-၂၀၂၃) ၂၈ရက် မေလ ၂၀၂၃ မှ ၂ ရက် ဇွန်လ ၂၀၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ အများပြည်သူသိရှိ​နိုင်​စေရန် ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာသည် CDM ကျောင်းသားများ၊ ဆရာသမဂ္ဂများမှ ရည်ရွယ်ချက် (၅) ရပ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ပြီး ဝန်ကြီးဌာန ပေါင်းစုံနှင့်တကွ ပြည်တွင်း ပြည်ပ ပညာရှင်များ အဖွဲ့အစည်းများ၏ ထက်သန်သော ပူးပေါင်းပါဝင်မှုများဖြင့် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါသည်။ လိုအပ်သော မူဝါဒများ လုပ်ငန်းများ၊ အစီအစဉ်များအတွက် အလေးထားဖွယ်ရာအချက်အလက်များ၊ ရှုမြင်ချက်များနှင့် တောင်းဆိုမှုများ၏ အရေးကြီးမှု၊ တန်ဖိုးကြီးမားမှုကို သက်ဆိုင်သူများထံ ပြည်စုံစွာ တင်ပြရန် ဤအစီရင်ခံစာကို ပြစုပါသည်။ အသေးစိတ်ဖတ်ရှုရန်

ဤဆောင်းပါးသည် ခေတ်မီပညာရေးစနစ်ကို စတင်ကျင့်သုံးကတည်းက ဂျပန်နိုင်ငံ၏ ပညာရေး စီမံခန့်ခွဲမှု ဖွံ့ဖြိုး တိုးတက်ခြင်းကို ခြုံငုံသုံးသပ်ထားခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ သည် ဗဟိုချုပ်ကိုင်သော ပညာရေးစီမံခန့်ခွဲမှုစနစ်(educational administration system)ရှိသည်ဆိုသော်လည်း အမှန်တကယ် အားဖြင့် ဂျပန်နိုင်ငံတွင် မသင်မနေရ ပညာရေးသည် မြို့နယ်၏ တာဝန်(municipal responsibility)၊ အလယ်တန်းနှင့် အထက်တန်း ပညာရေးသည် စီရင်စုနယ်၏တာဝန်(prefectural responsibility)နှင့် အဆင့်မြင့် ပညာရေးသည် နိုင်ငံတော်၏တာဝန်(national responsibility) စသည့် တာဝန် ခွဲဝေမှုနှင့်အတူ ဒုတိယကမ္ဘာစစ်မတိုင်မီက ပြည်တွင်းပညာရေးစီမံခန့်ခွဲမှုပုံစံ (local educational administration Structure)ကို တည်ထောင် ခဲ့ပြီးဖြစ်သည်။ ဂျပန်သည် စစ်ကြိုခေတ်တွင် ထိရောက်သော ပညာရေးစီမံခန့်ခွဲမှုစနစ်ကို ထူထောင် ထားပြီး ဖြစ်သည်။ စစ်ပြီးခေတ် ပညာရေးတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေးကို ပညာရေးပြုပြင်ပြောင်းလဲမှု၏ အဓိက ပြဿနာ အဖြစ် သတ်မှတ်ခဲ့ သည်။ ဗဟိုမဏ္ဍတိုင်များသည် ပညာရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အာဏာ ကို လျော့ချခြင်းနှင့် အမေရိကန် ပညာရေးဘုတ်အဖွဲ့များ၏စနစ်ကို စံနမူနာပြုသည့် ပြည်တွင်းပညာရေး စီမံခန့်ခွဲမှုပုံစံကို အစပျိုးခြင်း ဖြစ်သည်။ ပညာရေး စနစ်ဘုတ်အဖွဲ့ကို ဂျပန်နိုင်ငံ၏အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ခဲ့သည်။ ဤဆောင်းပါး ၏နောက်ဆုံးတွင် ဂျပန်နိုင်ငံ၏ လက်ရှိပညာရေးစီမံအုပ်ချုပ်မှုပုံစံနှင့် ပြုပြင် ပြောင်းလဲ ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြထားပါသည်။ အသေးစိတ်ဖတ်ရှုရန်

နိဒါန်း

 အိန္ဒိယနိုင်ငံကို ပြည်နယ်(၁၉)ခု၊ ပြည်ထောင်စုနယ်မြေ(၇)ခုဖြင့် ပိုင်းခြားထားသည်။ ပြည်နယ်များတွင် ကိုယ်ပိုင်ရွေးကောက်တင်မြှောက်ထားသော အစိုးရများရှိပြီး၊ ပြည်ထောင်စုနယ် တစ်ခုစီအတွက် သမ္မတမှ အုပ်ချုပ်ရေးမှူးတစ်ဦးစီခန့်အပ်ထားပြီး အိန္ဒိယအစိုးရမှ တိုက်ရိုက် အုပ်ချုပ်သည်။ ဗဟိုအစိုးရမှ ပညာရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဥ်များကို အကြံပြုရပြီး၊ ပြည်နယ်အစိုးရများမှ အဆိုပါလုပ်ငန်းစဥ်များကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့်ရှိသည်။ ဗဟိုအစိုးရမှ မူဝါဒများကို အခါအားလျော်စွာ ထုတ်ပြန်ကြေညာသည်။ ပညာရေးသည် ပြည်နယ်နှင့်ဗဟိုတို့၏ ပူးတွဲတာဝန်ဖြစ် သည်။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုဖွဲ့စည်းပုံအား ဗဟိုအစိုးရ အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းများ၊ ဒေသန္တရ အဆင့်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများစသည့် ပုံစံလေး မျိုး ဖြင့် တွေ့မြင်နိုင် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ အသက် ၆ နှစ်မှ ၁၄ နှစ်ကြား ကလေးများအား အခြေခံအခွင့်အရေးအဖြစ် အခမဲ့မသင်မနေရပညာရေးကို ပေးအပ်ထား သည်။ 

ဗဟိုအဆင့် ပညာရေးစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှု

ပညာရေးဝန်ကြီးဌာနသည် ပညာရေးစနစ်တစ်ခုလုံးကို ထိန်းချုပ်ရန်၊ ညွှန်ကြားရန်နှင့် လမ်းညွှန်ရန် အတွက် အဓိကအုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ဝန်ကြီးဌာနသည်အမျိုးသားပညာရေးမူဝါဒကိုရေးဆွဲ အကောင်အထည်ဖော်ပြီး အမျိုးသားပညာရေးအစီအစဥ်များ၊ မစ်ရှင်များ နှင့် လုပ်ငန်းစဥ်များဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ထားသည်။ဗဟိုအဆင့်၌ ဗဟိုပညာရေးအကြံပေးဘုတ်အဖွဲ့တွင် ထင်ရှားသော ပညာရှင်များ၊ ပညာရေးစီမံခန့်ခွဲသူများပါဝင်ပြီး၊ ပညာရေးမူဝါဒဆိုင်ရာ လမ်းညွှန်ချက် များကို  ထုတ်ပြန်သည်။ 

ပြည်နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှု

 ပြည်နယ်များတွင်ပညာရေးအတွက် သီးခြားဝန်ကြီးဌာနများရှိကြသည်။ ပြည်နယ်တစ်ခု၏ ပညာရေး ဝန်ကြီးဌာန တွင် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးနှင့် ပြည်နယ်ဝန်ကြီးတစ်ဦးပါဝင်သည်။ ပြည်နယ်အစိုးရများ သည် ပညာရေးအတွက် မူဝါဒများလည်း ချမျတ်ရသည်။ လိုအပ်တဲ့အချိန်တိုင်း ပြည်နယ်ဥပဒေပြု လွှတ်တော်တွင်လည်း ပြဋ္ဌာန်းချက်များနှင့် ဥပဒေများချမှတ်သည်။ 

ပညာရေးဘဏ္ဍာရေးဆိုင်ရာ ပြည်နယ်အစိုးရများ၏ အခန်းကဏ္ဍ

ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော ဘဏ္ဍာရေးကော်မရှင်သည် စီမံကိန်းတစ်ခုစီ ၏အဆုံးတွင် လုံလောက်သော အရင်းအမြစ်များကို ပြည်နယ်တစ်ခုစီသို့ ဝင်ငွေခွန်၊ ယစ်မျိုးခွန်နှင့် ဗဟိုအစိုးရမှ ထောက်ပံငွေ မျှဝေမှု အစီအစဥ်များအောက်မှ လွှဲပြောင်းပေးသည်။

ဒေသန္တရအဆင့် ပညာရေးစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုခရိုင်ပညာရေးရုံး (District Education Office) သည် ခရိုင်အတွင်းရှိ ကျောင်းပညာရေး ၏အဓိကအုပ်ချုပ်ရေးဌာနဖြစ်သည်။

Statutory Councils and Apex Bodies

ဗဟိုအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများမှ တည်ထောင်ထားသော Statutory Councils and Apex Bodies သည် အိန္ဒိယနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြသည်။ အသေးစိတ်ဖတ်ရှုရန်

ဤဆောင်းပါးသည် စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ website တွင် ဖော်ပြထားသော စင်ကာပူ နိုင်ငံ၏ ၂၁ရာစု တတ်ကျွမ်းမှုအရည်အချင်းများကို Research and Development Group မှ မြန်မာ ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါသည်။  အသေးစိတ်ဖတ်ရှုရန်

ဤဆောင်းပါးသည် Jasper Picard(March 08, 2022) က ရေးသားခဲ့သော The Emergence of Civilian Resistance to Military Rule in Myanmar ဆောင်းပါးကို Research and Development အဖွဲ့က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်

ဤဆောင်းပါးသည် Jasper Picard(March 08, 2022) က ရေးသားခဲ့သော The Emergence of Civilian Resistance to Military Rule in Myanmar ဆောင်းပါးကို Research and Development အဖွဲ့က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်

ဤဆောင်းပါးသည် ဖင်လန်နိုင်ငံပညာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်၀ေထားသော Finnish Education in a Nutshell စာအုပ်ငယ်ကို Research and Development Group မှ အကျဥ်းချုပ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်

ဆက်သွယ်ရန် အီးမေးလ်လိပ်စာ

[email protected]