အဆင့်မြင့်ပညာကဏ္ဍ
တစ်နှစ်တာဆောင်ရွက်မှုအကျဉ်းချုပ် - ၂၀၂၃ ခုနှစ်
ဇန်နဝါရီ
အမေရိကန်နိုင်ငံရှိ Arizona State University နှင့် အဆင့်မြင့်ပညာကဏ္ဍ စတင်တွေ့ဆုံခဲ့သည်။
ထို့နောက် University Design Institute (UDI) တွင် Experts များနှင့်တွေ့ဆုံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ၊ workshop များလုပ်ဆောင်ခဲ့ရာ Digital Infrastructure ခေါင်းစဉ်ဖြင့် workshop ၃ခုကို ၂၀၂၃ ခုနှစ် မေလတွင်လည်းကောင်း၊ University Governance ခေါင်းစဉ်ဖြင့် workshop (၃)ခုအနက် (၁)ခုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး ASU x MOE နားလည်မှုစာချွန်လွှာ (Memorandum of Understanding, MOU) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရေးထိုးနိုင်ရန် စီစဉ်နိုင်ခဲ့သည်။
ဖေဖော်ဝါရီ
စစ်ကိုင်း On-ground University ဖြစ်မြောက်ရေးအဖွဲ့များနှင့်တွေ့ဆုံ၍ အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပပြီး ဇွန်လတွင် “ချင်းတွင်းဘာသာရပ်စုံတက္ကသိုလ်” (Chindwin Comprehensive University) ကို School of Arts & Science နှင့် School of Education ကျောင်း (၂)ခုဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
ထို့အပြင် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသူကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဘာသာရပ်အဖွဲ့အသီးသီး၏ ဆုံးဖြတ်ချက်များကို စုစည်းနိုင်ခဲ့သည်။
အခြေခံပညာကဏ္ဍ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနများနှင့် အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ခဲ့သည်။
University of Paul Sabatier (Toulouse, France) မှ Associate Professor Dr. Adrian နှင့် Dr. Emmaanuelle Claeys တို့မှ Introduction for PCA နှင့် Introduction for Python Short Course ကို ဖွင့်လှစ်ခဲ့သည်။
မတ်
မတ်လမှစတင်၍ နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ ပထမအကြိမ်ညီလာခံကျင်းပနိုင်ရန် ကြားကာလတက္ကသိုလ်ကောင်စီများအားလုံး၊ ဆေးနှင့်ဆေးနှီးနွှယ်ကြားကာလတက္ကသိုလ်ကောင်စီများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဆရာအတတ်ပညာကဏ္ဍ, KNEC, MSCC, PNFC, TNEC, FHPC, SURC, TTF, MTF, JCC တို့နှင့် တွေ့ဆုံခဲ့သည်။
ဧပြီ
ဧပြီလ (၂၁)ရက်မှ (၂၅)ရက်နေ့အထိကျင်းပသော အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံတွင် အခန်းကဏ္ဍ (၁၈)ခုခွဲ၍ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စုပေါင်းဆွေးနွေးအဖြေရှာကြရာ စုစုပေါင်းရလဒ် (၄၉)ချက် ရရှိခဲ့ပါသည်။
အဆင့်မြင့်ပညာဘာသာရပ်ပညာရှင်အဖွဲ့ အသီးသီးက အခြေခံပညာရှိ IBEWC နှင့်ပူးပေါင်း၍ Grade 9 (new) သင်ရိုးမာတိကာများ စတင်ရေးဆွဲခဲ့သည်။
မေ
အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေသော ကျောင်းသူ/ကျောင်းသားများအတွက် Students CDM Education Workshop ကို မေလ(၂၈)မှ ဇွန်လ(၂)ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ထို့အပြင် နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်၏ ကြားကာလပညာရေးအစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း မိဘပြည်သူသို့ လူမှုစာမျက်နှာမှတစ်ဆင့် အသိပေးခဲ့သည်။
အဆင့်မြင့်ပညာညီလာခံ ရလဒ်နံပါတ်(၁၀)ဖြစ်သည့် တက္ကသိုလ်ဝင်ခွင့်ခေါ် ယူရေးကိစ္စများကို ၂၀၂၃ခုနှစ်၊ မေလမှစတင်၍ အဆင့်မြင့်ပညာကဏ္ဍမှဆရာ/ဆရာမများ၊ ကြားကာလတက္ကသိုလ် ကောင်စီများ၊ တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ၊ အခြေခံပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍမှ ကိုယ်စားလှယ်များဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းကာ အကျိုးသက်ဆိုင်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇွန်
Luc W Biard(professor from Laboratoire Jean Kuntzmann, Universite' Grenoble Alpes) Numerical Analysis with Python သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ Administrative Law Textbook ကို Brooklyn Law School အကူအညီဖြင့် ရေးသားပြုစုလျှက် ရှိသည်။
ဇူလိုင်
MOCIT နှင့် MOE ပူးပေါင်းတည်ဆောက်ထားသော MES platform တွင် တက္ကသိုလ်ပထမနှစ် (New intake) များ (All in one) စာရင်းသွင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်ပညာရေးဘုတ်အဖွဲ့အတွက် ဘာသာစကား အသိပညာဗဟုသုတမျှဝေခြင်း၊ ကရင်နီသူနာပြုတက္ကသိုလ်အတွက် သင်ရိုးညွှန်းတမ်းဆွေးနွေးခြင်းနှင့် တအောန်းမြေ တက္ကသိုလ်၏ တာဝန်ရှိသူနှင့် အလွတ်သဘော တွေ့ဆုံခဲ့ကြပါသည်။
ဩဂုတ်
ဩဂုတ်လမှစတင်ပြီး Academic ပုံမှန်လုပ်ငန်းစဉ်များတွင် ဘာသာရပ်ဘုတ်အဖွဲ့ (၃၆) ခုမှသည် ဘာသာရပ်ဘုတ်အဖွဲ့ ပေါင်း(၇၇)ခုအထိ ပူးပေါင်းလာခြင်းများ ရှိလာခဲ့သည်။
အခြေခံပညာ G9 ဆရာ/မများကို ဘာသာရပ်မွမ်းမံသင်တန်းများပေးခြင်း၊ အခြေခံပညာကဏ္ဍ၊ သင်ရိုးညွှန်းတမ်းအဖွဲ့တွင် သက်ဆိုင်ရာ BOE များပါဝင်ဆောင်ပေးရွက်ပြီး Grade 12 (New) နှင့် Social Studies သင်ရိုးသစ်များနှင့် Civic Education သင်ရိုးများကို စုစည်းလုပ်ဆောင်ခဲ့ကြသည်။
စက်တင်ဘာ
စက်တင်ဘာလမှစတင်၍ ကသုံးလုံးဒေသရှိအခြေခံပညာ၊ အဆင့်မြင့်ပညာမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ကသုံးလုံးဒေသရှိ အဆင့်မြင့်ပညာရေး ဆုံးရှုံးနေသော ကျောင်းသား/သူများ၏ ပညာသင်ကြားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်။
အောက်တိုဘာ
တက္ကသိုလ်ဝင်ခွင့်ခေါ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ အများပြည်သူသိရှိအောင် videoများနှင့် ကြေညာချက်များ ပြင်ဆင်ခြင်း၊ MOE IT Team ၏ အကူအညီဖြင့် Myanmar Education System (MES)မှတစ်ဆင့်လက်ခံခြင်း၊ သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများမှတဆင့်လက်ခံခြင်းတို့ ဆောင်ရွက်ခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသား/သူများအပါအဝင် နယ်စပ်ရွှေ့ပြောင်းဒေသမှကျောင်းသား/သူများ၊ ရိုဟင်ဂျာအဖွဲ့အစည်းများမှ ကျောင်းသား/သူများ၊ တက္ကသိုလ်ဝင်ခွင့်ဆုံးရှုံးနေသော ကျောင်းသား/သူများကို လက်ခံနိုင်ခဲ့သည်။
နိုဝင်ဘာ
နိုဝင်ဘာလတွင် ကြားကာလအရေးပေါ်တုန့်ပြန်ရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရန် HE EOC Unit ကို ဖွဲ့စည်းခဲ့ပြီး အရေးပေါ်အခြေအနေတွင် ထိန်းသိမ်းထားသင့်သည့် စာရွက်စာတမ်းများ၊ ပစ္စည်းများနှင့် ပတ်သက်သည့် အကြံပြုချက်များကို တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံကျောင်းများသို့လည်းကောင်း၊ ပညာရေးဌာန၊ ကရင်နီအစိုးရနှင့်လည်းကောင်းတွေ့ဆုံဆွေးနွေး၍ လွှဲပြောင်းပေးနိုင်ခဲ့သည်။
HE Policy Evaluation Team က ကြားကာလအတွင်း တည်ထောင်ဖွင့်လှစ်သော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ၏ အသိအမှတ်ပြုရေးဆိုင်ရာ ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ စစ်ဆေးအကဲဖြတ်ခြင်း၊ အကြံပြုချက်လမ်းညွှန်များထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆင့်မြင့်ပညာကဏ္ဍ၏ ဆောင်ရွက်ချက်များကို ပြည်တွင်း၊ပြည်ပမှသိရှိနိုင်ရန်အတွက် ရည်ရွယ်၍ HE PR team သည် သတင်းအချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန Website တွင် လွှင့်တင်လျှက်ရှိရာ ကြားကာလပညာရေး ဆိုင်ရာ updated news များကို MoE Website တွင် လွှင့်တင်ခြင်းနှင့် DVB, RFA, BBC အစရှိသော မီဒီယာများနှင့် တွေ့ဆုံဖြေကြားမှု ပြုလုပ်ခဲ့ပါသည်။
HE Project Team သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အဆင့်မြင့်ပညာကဏ္ဍ သင်ကြားရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်သော ငွေကြေးအထောက်အပံ့များရရှိရေး၊ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာရေးအတွက် ASU, NIDA, USAIDs x IIE-DISP, Dave Wholer တို့နှင့် တွေ့ဆုံခဲ့သည်။
ဒီဇင်ဘာ
ကြားကာလ Grade 12 သင်ရိုးညွှန်းတမ်းများပြုစု၍ လွှဲပြောင်းခြင်းနှင့် မွမ်းမံသင်တန်းများပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
Aung San Comprehensive University (ASCU) ဖြစ်ပေါ်လာရေးအဖွဲ့နှင့်တွေ့ဆုံခြင်း၊ အဆင့်မြင့်ပညာကဏ္ဍ ကြားကာလပညာရေးမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့ကို တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ ပွင့်လင်းမြင်သာသော၊ စနစ်ကျသော လုပ်ငန်းလည်ပတ်ပုံရှိသည့် အဖွဲ့အစည်းအဖြစ် ဖြစ်တည်နိုင်စေရန် လုပ်ငန်းအဖွဲ့ငယ်များ ဖွဲစည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။