အဆင့်မြင့်ပညာကဏ္ဍ
တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်း
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများ ၏ရှေ့ဆက်ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်လျှက် သက်ဆိုင်ရာတက္ကသိုလ်များက ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့် ခေါ်ယူမည် ဖြစ်ပါသည်။ ဤ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသားကျောင်းသူများသည် မြန်မာပညာရေးစနစ် (Myanmar Education System – MES) မှတစ်ဆင့် လျှောက်ထားကြရမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် MES မှတစ်ဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနည်းလမ်းညွှန်အား ပြုစုထုတ်ပြန်ထားပါသည်။ အသေးစိတ်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၏တရားဝင် Telegram Channel ဖြစ်သည့် Uni Handbook FAQ Channel @ NUG-MoE (သို့မဟုတ်) သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများ၏ Facebook/Website နှင့် Email များတွင် သွားရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။
- တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်
- မြန်မာပညာရေးစနစ် (MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနည်း လမ်းညွှန်
- တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်
- မြန်မာပညာရေးစနစ် (MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့် စိစစ်လက်ခံခြင်း လမ်းညွှန်
MES တွင် ကျောင်းသား/သူအဖြစ် စာရင်းသွင်း Registration ပြုလုပ်ခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းလမ်းညွှန် Video များကို အောက်ပါလင့်များမှတဆင့် သွားရောက် ကြည့်ရှုနိုင်ပါသည်။
- MES တွင် ကျောင်းသား/သူအဖြစ် စာရင်းသွင်း Registration ပြုလုပ်ခြင်း (Phone version) Nov, 2023
- MES မှတဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း (Phone version) Nov, 2023
- MES တွင် ကျောင်းသား/သူအဖြစ် စာရင်းသွင်း Registration ပြုလုပ်ခြင်း (Computer version) Nov, 2023
- MES မှတဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း (Computer version) Nov, 2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော ကြားကာလတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း၏ ပြည်သူသို့ အသိပေးတင်ပြချက်
မေးလေ့မေးထရှိသောမေးခွန်းများ
မရသေးပါ၊ ၀င်ခွင့်လမ်းညွှန်စာအုပ် စာမျက်နှာ ၅၊ နံပါတ် ၄ (ဂ) မှာ ဖော်ပြပေးထားပါတယ်။ BECA Exam နှင့် သက်ဆိုင်တဲ့အကြောင်းတွေကို ပိုမိုသိရှိလိုပါက သက်ဆိုင်ရာ Link များနဲ့ NUG-MoE ဖေ့စ်ဘုတ်စာမျက်နှာ များသို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။
မရပါ။
မိမိလျှောက်ချင်တဲ့ တက္ကသိုလ်၊ ဘာသာရပ်အပေါ် မူတည်ပါလိမ့်မယ်။ လမ်းညွှန်စာအုပ်ထဲမှ ရေးသားချက်များအတိုင်းသာ အတည်ဖြစ်သည်။
လမ်းညွှန်စာအုပ်ပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်နိုင်ပါတယ်။
ဝင်ခွင့်လျှောက်လွှာ form ဖြည့်မရသေးသူများသည် –
၁။ သက်ဆိုင်ရာ လမ်းညွှန်စာအုပ်များကို သေချာစွာ ဖတ်ရှုပါ။
၂။ ဖုန်း သို့မဟုတ် ကွန်ပျူတာ ပြောင်းသုံးကြည့်ပါ။
၃။ VPN အမျိုးအစား ပြောင်းသုံးကြည့်ပါ။
၄။ အချိန်၊ နေရာ ပြောင်းပြီး ဖြည့်ကြည့်ပါ။
ဝင်ခွင့်လျှောက်လွှာ form ဖြည့်မရသေးသူများသည် –
၁။ သက်ဆိုင်ရာ လမ်းညွှန်စာအုပ်များကို သေချာစွာ ဖတ်ရှုပါ။
၂။ ဖုန်း သို့မဟုတ် ကွန်ပျူတာ ပြောင်းသုံးကြည့်ပါ။
၃။ VPN အမျိုးအစား ပြောင်းသုံးကြည့်ပါ။
၄။ အချိန်၊ နေရာ ပြောင်းပြီး ဖြည့်ကြည့်ပါ။
သက်ဆိုင်ရာ ဘာသာရပ်များအပေါ်တွင်သာ မူတည်ပါလိမ့်မယ်။ ပြောင်းချင်တဲ့ ဘာသာရပ်ဌာနများသို့ ၀င်ခွင့်စာအုပ်ပါ ဆက်သွယ်ရန် လိပ်စာများမှတဆင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းပါ။
မရနိုင်ပါ၊ လမ်းညွှန်စာအုပ်ပါ ဖော်ပြချက်များအတိုင်းသာ ဖြစ်ပါတယ်။
ကြားကာလအတွင်း သက်ဆိုင်ရာ ဘာသာရပ်များ၊ ကောင်စီများအလိုက် အခက်အခဲများကြားမှ လုပ်ဆောင်နေကြရသည့်အတွက် ဝင်ခွင့်ခေါ်ဆိုနိုင်ခြင်း ရှိ/မရှိသည် သက်ဆိုင်ရာ ဘာသာရပ်များ/ တက္ကသိုလ်များ အပေါ်တွင်သာ မူတည်နေပါတယ်။ နောက်အကြိမ်များတွင် အခုထက် ပိုမိုခေါ်ယူနိုင်ရန် ကြိုးစားလုပ်ဆောင်နေကြပါကြောင်း သိရှိရပါတယ်။
ရပါတယ်၊ လာလျှောက်လို့ရပါတယ်။ စကစ ကျောင်းများတွင် မတက်ရောက်တာ သေချာဖို့တော့လိုပါတယ်။ တက်ရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက အချိန်မရွေး အချက်အလက် ပယ်ဖျက်ခံရပါမည်။
ဝင်ခွင့်လမ်းညွှန်ကို သေချာဖတ်ပေးပါ။ ယူနီတခုနှင့်တခု ဝင်ခွင့်မူမတူပါ။ အဓိက ဘယ်နှစ်ခုနှစ်က အောင်သည် ဖြစ်စေ စကစပညာရေးမှာ ပါဝင်နေသူမဖြစ်စေရပါ။
CDM ဖြစ်ကြောင်းထောက်ခံစာကို မိမိတို့၏ နီးစပ်ရာ CDM ဆရာဆရာမတစ်ဦးဦးထံမှ (သို့မဟုတ်) မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များထံမှ (သို့မဟုတ်) ကြားကာလ တက္ကသိုလ်ကောင်စီများထံမှ (သို့မဟုတ်) မိမိတို့၏ နီးစပ်ရာ CDM ဝန်ထမ်းတစ်ဦးထံမှ အကူအညီတောင်းခံကာ ရယူနိုင်ပါတယ်။
မရပါဘူး။ အမည်၊ ရာထူး၊ ဌာန၊ ကျောင်း / တက္ကသိုလ်အမည်များ သေချာမှန်ကန်စွာ ထည့်သွင်းပေးဖို့လိုပါတယ်။ လျောက်လွှာလက်ခံတဲ့ဘက်က အဆိုပါ အချက်အလက်များကို သေချာလျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမှာ ဖြစ်တဲ့အတွက် လုံခြုံရေးအတွက်လည်း စိုးရိမ်စရာ မရှိပါ။
CDM ထောက်ခံချက် တောင်းခံရန် အဆင်မပြေလျှင် မိမိကိုယ်တိုင်တာဝန်ခံမှု တာဝန်ယူမှုအပြည့်ဖြင့် ဝန်ခံလက်မှတ်ရေးထိုးနိုင်ပါသည်။ လိုအပ်ပါက တောင်းခံလာလျှင် ပြနိုင်အောင် ကြိုးစား ပြင်ဆင်ထားပါ။အချက်အလက် မမှန်မကန် တင်သွင်းခဲ့တာကို မည်သည့်အချိန်မှာမဆို စစ်ဆေးတွေ့ရှိခဲ့ရင် ပညာသင်ယူခွင့် ချက်ချင်း ရပ်စဲခံရမည်ဖြစ်သည်။ ရရှိထားသော ပညာသင်ကြားထားသည့် မှတ်တမ်းများ ပယ်ဖျက်ခံရမည်။
CDM ဖြစ်ကြောင်း ထောက်ခံချက် (နမူနာပုံစံ)
……………………. တက္ကသိုလ်တွင် ……………………. နှစ်၊ ……………………. အထူးပြုဘာသာရပ်အတွက် ပညာသင်ကြားရန် လျှောက်ထားသော မောင်/မ ……………………. (အဖ – ဦး …………………….) သည် CDM ပြုလုပ်ထားသည်မှာ မှန်ကန်ကြောင်းနှင့် လက်ရှိတွင်လည်း စကစပညာရေးလက်အောက်၌ ပညာသင်ကြားနေခြင်း မရှိပါကြောင်း ထောက်ခံအပ်ပါသည်။
ထောက်ခံသူ၏ လက်မှတ်-
အမည် –
ရာထူး –
ဌာန / အဖွဲ့အစည်း –
ဆက်သွယ်ရန် Telegram account username (@username) / Email address / ဖုန်းနံပါတ် –
ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ (1st Batch) တွင် ခေါ်ယူနေသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှု များတွင် ဆေးတက္ကသိုလ်များ အနက် တိုင်းရင်းဆေးတက္ကသိုလ်, သူနာပြုတက္ကသိုလ် (မန္တလေး) နှင့် ဆေးတက္ကသိုလ် (မကွေး) တို့ကသာ ဝင်ခွင့်လက်ခံခေါ်ယူသွားမည်ဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) ၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ၊ ဆေးတက္ကသိုလ်(မန္တလေး) ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသ်ုလ် (တောင်ကြီး) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ) တို့သည် ၂၀၂၄ ခုနှစ် ၊ ဧပြီလတွင်မှသာ ဝင်ခွင့်လက်ခံခေါ်ယူသွားမည် ဖြစ်ပါသည်။ သူနာပြုတက္ကသိုလ် (မန္တလေး) သည်လည်း ၂၀၂၄ ခုနှစ် ၊ ဧပြီလတွင် ထပ်မံ၍ နောက်တကြိမ် ဝင်ခွင့်လက်ခံခေါ်ယူသွားမည် ဖြစ်ပါသည်။
(ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန် စာအုပ် ၊ စာမျက်နှာ (၈) အခန်း ၂ – ဇယား ၁ တွင် ကြည့်ပါ။)
တိုင်းရင်းဆေးတက္ကသိုလ် နှင့် ဆေးတက္ကသိုလ် (မကွေး) တို့ကို လျှောက်ထားလိုသည့် ကျောင်းသားကျောင်းသူများသည် MES မှ တဆင့် လျှောက်ထားကြရမည် ဖြစ်ပါသည်။ MES မှ လျှောက်ထားခြင်း လမ်းညွှန်စာအုပ်ပါ အဆင့်များကို တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ် ဆောင်ရွက်ရပါမည်။
(ဆေးတက္ကသိုလ် – မကွေး ဝင်ခွင့်နှင့်ပတ်သက်သော သတင်းအချက်အလက်များကိုစုံစမ်းမေးမြန်းရန် – t.me/ummg_admission_info, t.me/ummg_admission_inquiry)
၂၀၂၄ ခုနှစ် ၊ ဧပြီလတွင်မှ ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့် တက္ကသိုလ်များကို ယခု MES တွင် ကြိုတင်လျှောက်ထားခွင့် မပြုထားပါ။ သက်ဆိုင်ရာ ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့် အချိန်မှသာ ဝင်ခွင့်လျှောက်လွှာဖြည့်သွင်းနိုင်ပါမည်။
၂၀၂၃ နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သော “၂၀၂၃ ခုနှစ်ဝင်ခွင့်လမ်းညွှန်” စာအုပ်ပါ ဆေးတက္ကသိုလ် အသီးသီး၏ ဝင်ခွင့်သတ်မှတ်ချက်တွင် လျှောက်ထားခွင့်ရှိသူများကို ဖော်ပြထားချက်များ အရ
“၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ” ဟု ဖော်ပြချက် ပါရှိပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာ လျှောက်ထားခွင့် ရှိပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အရှေ့ပိုင်းတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ သည် ယခု ခေါ်ယူမည့် ဆေးတက္ကသိုလ်များ ကို လျှောက်ထားနိုင်ခွင့် အကျုံးမဝင်တော့ပါ။ (၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်များကို ၂၀၁၉ ခုနှစ်အတွင်း၌ ခေါ်ယူခဲ့ပြီး ဖြစ်သကဲ့သို့ သက်ဆိုင်ရာ ဆေးတက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ရခဲ့သော ကျောင်းသားကျောင်းသူများသည် ၂၀၁၉ ဒီဇင်ဘာ- ၂၀၂၀ ဇန်နဝါရီတို့တွင် ပထမနှစ် သင်တန်းများ တက်ရောက်ခွင့်ရခဲ့ပြီးဖြစ်ပါသည်။)
သို့သော် ၂၀၁၉နှင့်အရှေ့တွင် အောင်မြင်ထားပြီး၊ မည်သည့်တက္ကသိုလ်ကိုမှ မလျှောက်ထားရသေးသော ကျောင်းသားကျောင်းသူများ၊ အခြားတက္ကသိုလ်များသို့လျှောက်ထားတက်ရောက်ခွင့်ရထားသော်လည်း ယခုအခါ ဆေးတက္ကသိုလ်သို့ ပြောင်းရွှေ့လျှောက်ထားရန် ဆန္ဒရှိနေသော ကျောင်းသားကျောင်းသူများအတွက် လျှောက်ထားခွင့် ပြု၊ မပြုကို ယခုဝင်ခွင့်လက်ခံမည့် တက္ကသိုလ်အားလုံး၏ ဘုံသဘောတူဆန္ဒ ရရှိရန် ဆွေးနွေးဆဲဖြစ်ပါသည်။ ရရှိပါက နောက်တစ်ကြိမ်တက္ကသိုလ်ဝင်ခွင့်စာအုပ်တွင် ပြင်ဆင်ထည့်သွင်းချက်ပါဝင်မည်ဖြစ်သည်။
သူနာပြုတက္ကသိုလ်၊ ရန်ကုန် သည်လည်း အခန်း (၃) လမ်းညွှန်စာအုပ်ပါ ရေးသားဖော်ပြချက်အရ ထိုနည်း၄င်းသာ ဖြစ်သည်။
ယခု ဝင်ခွင့်လမ်းညွှန်ပါ ဆေးတက္ကသိုလ်များ၏ သဘောတူညီချက်များအရ ဆေးတက္ကသိုလ်တစ်ခုတွင် တက်ရောက်ခွင့်ရရှိပြီးပါက အခြားသော ဆေးတက္ကသိုလ်များတွင် ပြိုင်တူ တက်ရောက်နေခြင်း အား ခွင့်ပြုပေးမည် မဟုတ်ပါ။ (အသေးစိတ်ကို သက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဆက်သွယ်မေးမြန်းစေလိုပါသည်။)
LMS = self-study, recorded videos, quiz များကို ကျောင်းသား/သူက မိမိအဆင်ပြေသည့်အချိန်တွင် student ID, password ကိုသုံး၍ ဝင်ရောက်သင်ယူနိုင်သည့် သင်ကြားရေးနည်းစနစ်
Zoom = သတ်မှတ်ထားသည့်အချိန်ဇယားအရ သတ်မှတ်ထားသည့်အချိန်အတွင် ဆရာနှင့်တပည့်များ အွန်လိုင်းတွင်တွေ့ဆုံကာ သင်ကြားသင်ယူမှု လုပ်ဆောင်ခြင်း
Hybrid = Online နှင့် မြေပြင် သင်ကြားရေး နှစ်မျိုးကို ရောစပ်သင်ကြားခြင်း (ဥပမာ- ဆေးတက္ကသိုလ် (မကွေး): online theory လေ့လာမှုပြီးမြောက်ပါက credit system အတိုင်း လူနာနှင့် ထိတွေ့သင်ကြားရသည့် clinical skills training အတွက်လိုအပ်သော creditsများ ပြည့်မီနိုင်ရန် မြေပြင်ရှိ ဆေးရုံ/ဆေးခန်းများတွင် လေ့ကျင့်သင်ကြားခြင်းမျိုးဖြစ်ပါသည်။ ကျောင်းသား၏ လက်လှမ်းမီမှုအပေါ်မူတည်ပြီး ကွဲပြား သွားနိုင်ပါသည်။ online ပုံမှန်မရရှိရနိုင်သော ကျောင်းသားများအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသည့် အစီအစဉ်များလည်း ရှိပါသည်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အသိပညာပေးဗီဒီယို
“မြူခွင်းမယ့်အလင်း“
ပထမနှစ်၀င်ခွင့်လက်ခံဆောင်ရွက်မည့် တက္ကသိုလ်များ
- မြန်မာ့နွေဦးတက္ကသိုလ် – Myanmar Nway-Oo University (MNOU)
- ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် – Wunzin Online University (WOU)
- နွေဦးဆရာအတတ်ပညာတက္ကသိုလ် – Spring Normal University (SNU)
- သင်ကြားရေးအတတ်ပညာတက္ကသိုလ် – University of Teaching (UoT)
- ထားဝယ်နည်းပညာတက္ကသိုလ် -Dawei Technological Universty (DTU)
- ကွန်ပျူတာတက္ကသိုလ်များ – Universities of Computer Studies (UCS)
- သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် – University of Forestry and Environmental Science (UFES)
- တိုင်းရင်းဆေးတက္ကသိုလ် – University of Traditional Medicine (UTM)
- ဆေးတက္ကသိုလ် (၁) ရန်ကုန် – University of Medicine – 1, Yangon (UM1)
- ဆေးတက္ကသိုလ် (မန္တလေး) – University of Medicine, Mandalay (UMM)
- ဆေးတက္ကသိုလ် (၂) ရန်ကုန် – University of Medicine – 2 Yangon (UM2)
- ဆေးတက္ကသိုလ် (မကွေး) – Universty of Medicine-Magway (UM Mgy)
- ဆေးတက္ကသိုလ် (တောင်ကြီး) – University of Medicine (Taunggyi)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ – Universities of Dental Medicine (UDM)
- သူနာပြုတက္ကသိုလ် (ရန်ကုန်) – University of Nursing (Yangon)
- သူနာပြုတက္ကသိုလ် (မန္တလေး) – University of Nursing (Mandalay)