ကြားကာလပညာသင်ကြားရေးအစီအစဉ်များ

ခေတ်အဆက်ဆက် အာဏာရှင်များနှင့် စစ်အာဏာရှင်တို့သည်နိုင်ငံကို အဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်ခဲ့သည်။ ထို့အပြင် ဖြစ်ထွန်းစ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုဖျက်ဆီးကာ ၂၀၂၁ ဖေဖေါ်ဝါရီလမှစ၍ စစ်အာဏာရှင်တစ်စုက အကြမ်းဖက် တရားမဲ့ အာဏာသိမ်းခဲ့မှုကြောင့် မြန်မာ့ပညာရေးသည်လည်း နှောင့်နှေးမှုများဖြစ်ခဲ့ရသည်။ မိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရပါသည်။ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးမှ ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင်ခဲ့ကြသည်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီမှ နိုင်ငံကိုအေးချမ်းဟန်ဆောင်ကာ ကျောင်းများဖွင့်လှစ်ခဲ့သော်လည်း ဆရာ၊ဆရာမအများအပြားနှင့် နိုင်ငံအဝန်းမှ ကျောင်းသား၊ ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော်သည် မိမိတို့၏ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကာ ၄င်းတို့ဖွင့်လှစ်သော ကျောင်းများတွင် စာသင်ကြားခြင်း၊ စာရင်းသွင်း တက်ရောက်ခြင်းများ မပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် CDM ကျောင်းသား၊ ကျောင်းသူများအတွက် စဉ်ဆက်မပြတ် ပညာရေးများ ဆက်လက် သင်ယူခွင့်ရရန် ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအပြင် ပညာရေးအသိုင်းအဝိုင်းနှင့် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီး၏စုပေါင်းညီညွတ်သောအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပညာရေးဝန်ကြီးဌာန၏ ကဏ္ဍကြီး (၄) ရပ်ဖြစ်သော အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေးပညာရေးနှင့် ဆရာအတတ်သင်ပညာရေးကဏ္ဍအားလုံးတွင် Online သင်ကြားရေးသာမက၊ မြေပြင်သင်ကြားရေးလုပ်ငန်းများပါ စတင်ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါသည်။

မျှော်မှန်းချက် | ရည်မှန်းချက် | ဦးတည်ချက်

ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/

Vision

  • A well-educated, peaceful, democratic, and prosperous Myanmar society in which all members have the opportunity to engage in and contribute to civic and economic well-being.
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/

Mission

  • To produce a well-educated citizenry and regionally and globally competitive workforce through an effective, diverse and democratic federal education system and strong learning institutions.
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/

Goal

  • To build, finance, and implement an effective, diverse and democratic federal education system.

ဝန်ကြီးဌာန ဖွဲ့စည်းပုံ

ပြည်သူသို့ ရှင်းလင်းပြောကြားချက်