စီဒီအမ်ရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန
- ဌာနမိတ်ဆက်
- သင်တန်းများ
- သတင်းအချက်အလက်များ
- စီဒီအမ်ထောက်ပံ့ခြင်း
- လှူဒါန်းခြင်း
စီဒီအမ်ရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်နေသော ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များ၏တော်လှန်ရေးကာလအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဘဝ အခက်အခဲများကို ကူညီဖြေရှင်းပေးရန်၊ အဆင့်မြင့်ပညာကဏ္ဍ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို မဟာဗျူဟာမြောက် ချဉ်းကပ်ကူညီ ဆောင်ရွက်နိုင်စေရန်နှင့် တော်လှန်ရေးလွန်ကာလအတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ Department of CDM Affairs & Human Resources (စီဒီအမ်ရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန)ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါသည်။
ရည်ရွယ်ချက်များ
- အဆင့်မြင့်ပညာကဏ္ဍရှိ ဝန်ထမ်းများအားလုံးအတွက် အပြုသဘောဆောင်သော လုပ်ငန်းခွင်ယဉ်ကျေးမှု ဖန်တီး ပေးရန်၊ ကျင့်ဝတ်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို မှန်ကန်စွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် လူ့အဖွဲ့ အစည်း၏လိုအပ်ချက်၊ တောင်းဆိုချက်များနှင့် စိန်ခေါ်မှုများကို ဘက်မလိုက်ဘဲ လူမှုတာဝန်ဝတ္တရားများကို ဖြည့်ဆည်း ပေးရန်။
- အဆင့်မြင့်ပညာကဏ္ဍ၏ မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိစေရန်အလို့ငှာ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် အဖွဲ့ အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း စသည်တို့ကိုချိန်ညှိခြင်းဖြင့် ဥပဒေနှင့် လုပ်ငန်းခွင် စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာပြီး အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများ စုစည်းခန့်အပ်၍ ဝန်ထမ်းဗဟိုပြု ယဉ်ကျေးမှုဖြင့် ချည်းကပ်ဆောင်ရွက်ရန်။
- အဆင့်မြင့်ပညာကဏ္ဍရှိ ဌာနအသီးသီး၏ ရည်မှန်းချက်များကိုစုစည်း၍ အဆင့်မြင့်ပညာဦးစီးဌာန၏ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိစေရန်အလို့ငှာ ဌာနအချင်းချင်းဆက်သွယ်ပြီး လုံခြုံ၍ အပြုသဘောဆောင်သော လုပ်ငန်းခွင် ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်။
- ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ပိုင်မျှော်မှန်းချက်ပြီးပြည့်စုံစေရန်အလို့ငှာ လိုအပ်နိုင်သည့် အရည်အချင်းများ၊ အရင်းအမြစ်များ၊ ပံ့ပိုးကူညီမှုများနှင့် အသိအမှတ်ပြုမှုများ အပါအဝင် ရင်ဆိုင်ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ထိရောက်စွာ စီမံခန့်ခွဲ၍ အဖွဲ့အစည်းယဉ်ကျေးမှုနှင့် လုပ်ငန်းအတွေ့အကြုံကို တိုးတက်အောင်ကူညီပေးရန်။
စီဒီအမ်ရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန၏ လုပ်ငန်းစဉ်များ
တော်လှန်ရေးတွင် ရှေ့တန်းမှပါဝင်ပေးနေကြသည့် CDM (ပညာရေး) ဝန်ထမ်းများအား ထောက်ပံ့မှု ပြုလုပ်ရန်နှင့် အဆိုပါဝန်ထမ်းများ၏ လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်ရန် ရည်ရွယ်၍ အဆင့်မြင့် ပညာကဏ္ဍရှိ ဌာနအသီးသီးနှင့် ချိတ်ဆက်ပြီး ဖော်ပြပါအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
- လစဉ်နွေဦးထီမှရရှိသည့် ထောက်ပံ့ငွေကို ပညာရေး CDM ဝန်ထမ်းများကို အလှည့်ကျ ခွဲဝေပေးခြင်း။
- CDM Success ကော်မတီမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးများကို MOE Urgent Needs အတွက် တာဝန်ခံ ၍ လိုအပ်သော CDM ဝန်ထမ်းများထံသို့ ထောက်ပံ့ပေးခြင်း။
- Job Creation and Income Generation ကော်မတီနှင့် ချိတ်ဆက်၍ Small and Medium-sized Enterprises (SME) ချေးငွေပေးအပ်ခြင်း၊ သင်တန်းများပေးခြင်းနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်း။
- HE Urgent Needs စာရင်းများကို စာရင်းကောက်ယူပြီး၊ ကောက်ခံရရှိသော Urgent Needs စာရင်းကို ပညာရေး ဝန်ကြီးဌာနသို့ပေးပို့၍ လိုအပ်သော CDM(ပညာရေး)ဝန်ထမ်းများထံသို့ ထောက်ပံ့ပေးခြင်း၊ ထောက်ပံ့ပြီးသူများ၏ စာရင်းပြုစုခြင်း။
- တက္ကသိုလ်ကောင်စီအသီးသီး၏ CDM(ပညာရေး)Data ပြုစုခြင်းနှင့် တက္ကသိုလ်ကောင်စီများသို့ CDMထောက်ပံ့ ကြေးငွေများပေးပို့ခြင်း။
- UIC များသို့ နွေဦးထီလှူဒါန်းမှုမှ ကံထူးဆုပေါက်သော ငွေများကို တော်လှန်ရေးအထောက်အကူပြုစေရန် လှူဒါန်းပေးခြင်း။
- လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲနှင့် သင်တန်းများဖွင့်လှစ်ပေးခြင်း။
သင်တန်းများ
CDMA & HR Department မှ အောက်ဖော်ပြပါသင်တန်းခေါင်းစဉ်များဖြင့် သင်တန်းများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ စတင်ပြီး ယခုအချိန်အထိ အပတ်စဉ် Online training သင်တန်းများကို စနေနေ့၊ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့များတွင် ပို့ချပေးနေခဲ့ပါသည်။ ဤသင်တန်းများပို့ချပေးခြင်းအားဖြင့် CDM ပြုလုပ်ခဲ့ သည့် ဆရာ/ဆရာမ/ ကျောင်းသား/သူ များနှင့် သုတေသီ များအတွက် ဗဟုသုတများကိုပေး နိုင်ခဲ့ပါ သည်။
Onboarding
- A Guide to Assessment for Learning
Technical Skill & Development
- Basic Electronics Training, Introduction to Electronics
- Basic Electronics Training, Electronics System (Input)
- Basic Electronics Training, Electronics System (output)
- Basic Electronics Training, Practical Problems and General Precaution
- How to Access Online Resources
- The Power of ICT in Education
- Cryptography in Cyber Security
- Renewable Energy Sources from Nature
- How to use reference management tool: Zotero
- Citation and Referencing
- Email Writing
- Research Methodology
Soft Skill Development
- Poetic Devices
- Language and Education
- Language and Culture (EP-1,2)
- Social Cohesion
- Hard Skills and Soft Skills in the Hard Time
- Intercultural context, Concept & Competence
- Ethics and Social Responsibility
- The Importance of Leadership Skills
- Leadership Theories and Models
- Eight Kinds of Mudras as the Symbol of Pyu Buddhist Cultural Heritage in the Sirikhettara Museum
- Introduction to International Relations (Day-1 to 11)
- Modern and Contemporary Literature, and Optional Creative Writing
Technical Skills and Development
- Political Ideas and Ideologies (Day-1 to 11)
- အဖွဲ့အစည်းအမျိုးမျိုးတွင်လိုအပ်နေသော ကိုယ်ကျင့်တရားဆိုင်ရာအယူအဆ
- စာပေနှင့် အနုပညာရပ်များကို နိမိတ်ပုံဖြင့် ပုံဖော်မှု
- နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသော
- မြန်မာစကား အသုံးအနှုန်းများ
- အမေရိကန်နောက်ခံနွေဦးကဗျာ
- ဂန္တဝင် နွေဦး
- စာပေထဲမှ မြန်မာ့နှလုံးသား
- သေနင်္ဂဗျူဟာ နွေဦး
Quality Assurance
- Quality Assurance System at Institutional Level
- Interactive Learning for Teaching Learning Process
- Quality Assurance System at Programme Level (Explanation on Criteria 1-4 & 5-8)
- Introduction to Quality Management System
- Outcomes-based Education
- Quality Management System
- Explaining AUN-QA Model and Criteria
- PDCA Approach to Self-Assessment at Program Level
- What is Quality Assurance (QA)?
- Teaching, Learning and Assessment
- Lesson Study Approach
- The Importance of Copyright Protection
- Study on Credit Unit and Credit Transfer System
Safety
- First Aid (Part-1)
- Nutrition and Health: Food Safety
- Digital Security Awareness
- Meal Planning, Nutrition During Old Age
- Sport can change to Physical and Mental
Leadership
- Transformational Leadership
Compliance Training
- Education Reform in Finland and the Comprehensive School System (Part-1,2,3)
- Special Info Sharing: Federal Democracy Education Policy
- Political Science (Understanding Political Spectrum)
- Political Science (Modeling University Governance for R and D)
- Introduction to Journalism
- Finnish Education System
- International Humanitarian Law
- စနစ်သစ်သင်ရိုးမှ နယ်နမိတ်စည်း
- ဖက်ဒရယ်ယူနစ်
- ဖက်ဒရယ်ဝါဒနှင့် သင်ရိုးတည်ဆောက်မှု ဘယ်နေရာမှာဆုံလဲ
- သင်္ချာပညာရပ်ဖြင့် ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုပြောင်းယူနိုင်သလဲ (EP-1)
Human Resources Management Training
- Strategic Human Resources Planning (EP 1-5)
- Human Resources Management
Orientation Training
- Styles of Speaking (EP-1,2)
- Drinking water Treatment
- Introduction to Water and Climate
- Rethink the City: New Approaches to Global and Local
- Ecosystem
- Threatened Species and Ecology
Products and Services Training
- Biodiversity Conservation
- လုပ်ငန်းသုံးမြန်မာစာ (ရုံးလုပ်ငန်းများတွင် အရေးပါသော ရုံးစာရေးသားနည်းစနစ်
သတင်းအချက်အလက်များ
CDMA & HR Department မှ ပြည်သူများသို့ တင်ပြထားသော သတင်းအချက်အလက်များကို အောက်ပါလင့်များတွင် ရယူနိုင်ပါသည်။
ပြုပြင်နေဆဲ ဖြစ်ပါသည်။
လှူဒါန်းခြင်း
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ဓမ္မဖက်သား ဆရာ/မများနှင့် ဝန်ထမ်းများသည် CDM တွင် ပူးပေါင်းပါဝင်ခဲ့သဖြင့် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးခဲ့ရသည့်အပြင် အချို့ CDM ဆရာ/မများနှင့် ဝန်ထမ်းများသည် စစ်ဘေးရှောင်နေကြရပါသည်။
ထိုကဲ့သို့ စစ်ဘေးရှောင် CDM များနှင့် ခက်ခဲ CDM များအား ကူညီထောက်ပံ့လိုပါက စီဒီအမ်ရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန၏ အီးမေလ်းသို့ ဆက်သွယ်ခြင်းဖြင့်သော်လည်းကောင်း၊ NUGpay နှင့် SDB bank account များသို့ တိုက်ရိုက်ပေးပို့ခြင်းဖြင့်လည်းကောင်း ပါဝင် ကူညီနိုင်ပါသည်။
- Email: [email protected]
- NUG Pay Account:
- SDB Bank Account: