ပညာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အချက်အလက် ကောက်ခံလျှက်ရှိသောဖောင်များ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော CDM ဆရာ/မများနှင့် ဝန်ထမ်းများ၊ စစ်ကောင်စီလက်အောက်တွင် တက္ကသိုလ်/ကောလိပ်/ကျောင်းများတွင် ပညာဆက်လက်သင်ယူခြင်းမရှိကြသော CDM ကျောင်းသား/သူများထဲမှ ကွယ်လွန်၊ကျဆုံးခဲ့မှုများ ရှိပါက ဤဖောင်တွင် ဖြည့်စွက်ပေးစေလိုပါသည်။

ဖောင်ဖြည့်သွင်းရန် ဤလင့်ကို နှိပ်ပါ။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော CDM ဆရာ/မများနှင့် ဝန်ထမ်းများ၊ စစ်ကောင်စီလက်အောက်တွင် တက္ကသိုလ်/ကောလိပ်/ကျောင်းများတွင် ပညာဆက်လက်သင်ယူခြင်းမရှိကြသော CDM ကျောင်းသား/သူများထဲမှ တော်လှန်ရေးတွင် ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်ခဲ့မှုများ ရှိပါက ဤဖောင်တွင် ဖြည့်စွက်ပေးစေလိုပါသည်။

ဖောင်ဖြည့်သွင်းရန် ဤလင့်ကို နှိပ်ပါ။

💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (Human Rights Documentation Team – HRD Team) သည် “လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန” (MOHR) အပါအဝင် အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများအား စနစ်တကျ မှတ်တမ်းတင်ပြုစုထားရန်၊ တိကျခိုင်မာသော သတင်းမှတ်တမ်းများအား (IIMM) သို့ ပေးပို့နိုင်ရေးအတွက် ကောက်ယူခြင်းဖြစ်ပါသည်။
🕊️ ပညာရေးဝန်ကြီးဌာန၏ အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့ကြသော CDM ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသားထု တစ်ရပ်လုံးအတွက် အသွင်ကူးပြောင်းရေးကာလတွင် ပေါ်ပေါက်လာမည့် အမှန်တရားရှာဖွေရေး တရားရုံးများတွင် နစ်နာသူများ၏ ဆုံးရှုံးနစ်နာခဲ့ရမှုများကို ပြန်လည်ရရှိနိုင်ရန်နှင့် ပြန်လည်ကုစားရေးကိစ္စရပ်များအား အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ 

ဖောင်ဖြည့်သွင်းရန် ဤလင့်ကို နှိပ်ပါ။