National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open) Trusted websites
Look for a lock () or https:// as an added precaution. Share sensitive information only on official, secure websites.
၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ကို အွန်လိုင်းမှ ဖြေဆိုရာ တွင် ထုတ်ပြန် ကြေညာထားသည့်လိုက်နာရမည့်စည်းကမ်းချက်များအတိုင်းလိုက်နာဖြေဆိုခဲ့ခြင်းရှိ/မရှိ စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းစဥ်များ ပြုလုပ် နေသည်မှာမကြာခင်ပြီးစီးတော့မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးကြေညာခြင်း
BECA ကို အွန်လိုင်းမှ ဝင်ရောက် ဖြေဆိုကြတဲ့ကျောင်းသား၊ကျောင်းသူတွေ သိရှိလိုက်ကြနာဖို့ ကြိုတင်ကြေညာထားတဲ့စည်းကမ်းချက်တွေ ရှိပြီး အဆိုပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဖြေဆိုမှု ရှိ/မရှိ သေချာစွာ ပြန်လည်စစ်ဆေးနေရသလို အော့ဖ်လိုင်းဖြေဆိုကြတဲ့ ကျောင်းသား၊ကျောင်းသူတွေလည်း အခက်အခဲများကြားက ဖြေဆိုနေရတဲ့အတွက် Certificate များ ထုတ်ပေးရေးလုပ်ငန်းစဥ်အတွက် အချိန်အနည်းငယ်ယူခဲ့ကြရပါသည်။
ယခုအခါ BECA ကို အွန်လိုင်းမှ ဖြေဆိုကြရာတွင် စည်းကမ်းချက်များအတိုင်း လိုက်နာစွာ ဖြေဆိုခဲ့ခြင်း ရှိ/မရှိ စစ်ဆေးမှုလုပ်ငန်းစဥ်များ အားလုံးပြီးစီးလုနီးပါး ဖြစ်ပါသည်။ စစ်ဆေးတွေ့ရှိချက်များအရ အတည်ပြုထားသည့် အတိုင်း BECA Certificate နဲ့ ရလဒ်မှတ်တမ်းများကို ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာနှင့် လုံခြုံစိတ်ချစွာ ထုတ်ယူရနိုင်ရေးအတွက်နည်းပညာပိုင်းဆိုင်ရာများကိုလည်း ပြင်ဆင်ဆောင်ရွက်နေကြသည်မှာ မကြာမီပြီးစီးတော့မည် ဖြစ်ကြောင်းသိရှိရပါသည်။
စည်းကမ်းချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးအတည်ပြုရာတွင် အသုံးပြုခဲ့ပါသော ” BECA ကို ဝင်ရောက် ဖြေဆိုကြတဲ့ကျောင်းသားကျောင်းသူများ သိရှိလိုက်ကြနာဖို့ ကြိုတင်ကြေညာထားသည့်စည်းကမ်းချက်များ “ကို ထပ်မံဖော်ပြပေးလိုက်ရပါသည်။
#NUG #MOENUG #MBEH #BECA
#HomeBasedLearning #Myanmar