အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့်
အမေရိကန်ပြည်ထောင်စုရှိ Arizona State University (ASU) တို့ကြား
နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနား

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့် အမေရိကန်ပြည်ထောင်စုရှိ Arizona State University ( ASU) တို့အကြား အွန်လိုင်းကတဆင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၈) နာရီတွင် ကျင်းပခဲ့သည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကို ASU ဘက်မှ Minu Ipe (Director and Vice Chair of University Design Institute, ASU)၊ Juliane Schober (Director of Asia Center, ASU) နှင့် ASU မှတာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယ ဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာကဏ္ဍတာဝန်ရှိသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးများမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် Arizona State University မှ အမှုဆောင်ဒါရိုက်တာများမှလည်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နားလည်မှုစာချွန်လွှာရေးထိုးခြင်းကိုဆောင်ရွက်ကြပြီးနောက် ကျေးဇူးတင် ဝမ်းမြောက်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြန်ဆုံးအကောင်အထည်ဖောက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ကြားပြီး၍ အခမ်းအနားကို မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။

ASU နှင့် အမျိုးသားညီညွတ် ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနတို့အကြား ကျောင်းသား/ သူများ၊ ဆရာ/မများနှင့် သုတေသနပညာရှင်များ အကြားပညာရပ်ဖလှယ်ခြင်း၊ ပညာတော်သင်စေလွှတ်ခြင်း၊ သင်ခန်း စာများအတူတစ်ကွဖန်တီခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း စသည့် ပညာရပ်နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဦးနှစ်ဖက်သဘောတူပူးပေါင်းဆောင်ရွက်သွားကြမည် စသည်ဖြင့် သဘောတူ ညီမှုများဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် Arizona State University နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဖွဲ့နှစ်ခုကြားပူးပေါင်း၍ ကျောင်းသား/သူ (၂၇) ဦးအတွက် Universal Learner Courses online Scholarship များပေးအပ်ခြင်း၊ Digital Infrastructure and Services အလုပ်ရုံဆွေးနွေးပွဲများနှင့် University Governance အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ ကြသည်။ ASU မှ ဒါရိုက်တာများသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ကျင်းပသော နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာညီလာခံသို့ တက်ရောက်၍ မုဒိတာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ASU campus ဆီသို့ သွားရောက်လေ့လာခြင်းများကိုလည်း ပြုလုပ် နိုင်ခဲ့ကြသည်။ ထို့နောက် Arizona State University နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီး ဌာနတို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding, MOU) ကို အွန်လိုင်း မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် ရေးထိုးနိုင်ခဲ့ပြီး လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် အခမ်းအနားကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

(သတင်းစဉ်)

ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/
ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org/en/msg-to-people/asu-moe-signing/