ဒေါက်တာဇော်ဝေစိုး

Dr.ဇော်ဝေစိုး

ပြည်ထောင်စုဝန်ကြီး

ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးသည် အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး နှင့် ပါမောက္ခတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဆေးတက္ကသိုလ် ၁ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။၂၀၁၄ခုနှစ်မှ ၂၀၁၅ခုနှစ်အထိလည်း ဆေးတက္ကသိုလ် ၂ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ‌ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်သောအမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ဒေါက်တာဇော်ဝေစိုးအား ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်ခဲ့သည်။

ဒေါ်ဂျာထွယ်ပန်

ဒေါ်ဂျာထွယ်ပန်

ပြည်ထောင်စု ဒုဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖြစ် တာဝန်ယူထားသူ ဂျာထွယ်ပန်သည် ကချင်ဒေသ မိုင်ဂျာယန်အခြေစိုက် School of Intensive English Programs (IEP) ကျောင်းတွင် ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ထိုကျောင်းကိုအဆင့်မြှင့်တင်ထားသော Institute of Liberal Arts and Science ၏ ညွှန်ကြားရေးမှူးအဖြစ် ၎င်း လုပ်ကိုင်ခဲ့သည်။ ထို့နောက်လူမှုသုသေသီအဖြစ် လည်းကွင်းဆင်းသုသေတနပြုကာ နိုင်ငံတကာ သုတေသန ဂျာနယ်များတွင် စာတမ်းများကို ရေးသားထုတ်ဝေခဲ့သည်။ ကချင်ဒေသတွင်း အဆင့်မြင့်ပညာကျောင်းများတွင် သင်တန်းပို့ချခြင်း၊ ပညာရေးမူဝါဒရေးဆွဲရေး လုပ်ငန်း၊ မိခင်ဘာသာစကားအခြေပြု အခြေခံပညာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းလုပ်ငန်းများ တွင်လည်းပါဝင်ခဲ့သည်။ ဂျာထွယ်ပန်သည် အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် (Nothern Illinos University) မှလည်း မနုဿဗေဒဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်ပြီး လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း (The London School of Economics and Political Science – LSE ) မှ လူမှုမနုဿဗေဒ (Social Anthropology of Learning and Cognition) ဘာသာရပ် ဘွဲ့လွန်သင်တန်း နှင့် Qualitative Research Methods သင်တန်းများကိုတက်ရောက်သင်ယူခဲ့သည်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း

Dr.စိုင်းခိုင်မျိုးထွန်း

ပြည်ထောင်စု ဒုဝန်ကြီး

ဒေါက်တာစိုင်းခိုင်မျိုးထွန်းသည် ၂၀၀၀ ခုနှစ်တွင် BA Hons. in International Relations ဘွဲ့နှင့် ၂၀၀၂ ခုနှစ်တွင် MA in International Relations ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ၂၀၀၈ ခုနှစ် တွင် ဂျပန်နိုင်ငံ၊ Nagoya တက္ကသိုလ်မှ MA in International Development ကို ထပ်မံရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာ ဖွံဖြိုးတိုးတက်မှု ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (PhD in International Development) ကို ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ် တွင် တက္ကသိုလ်ဆရာအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနစ်တွင် Austria နိုင်ငံ Vienna University သို့ ဧည့်ပါမောက္ခအဖြစ် သွားရောက်ထမ်းဆောင်ခဲ့သည်။ ပြည်တွင်းလူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများတွင်လည်း နိုင်ငံရေးနှင့် သုတေသနလုပ်ထုံး ဆိုင်ရာသင်တန်းများ ပို့ချခဲ့ပါသည်။ ပြည်တွင်းပြည်ပတွင် ပညာရပ်ဆိုင်ရာ စာတမ်းများ၊ ဆောင်းပါးများ‌ ရေးသားခဲ့ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများနှင့် အလုပ်သမားသမဂ္ဂများ၊ ဆရာသမဂ္ဂများ ဖွဲ့စည်းခြင်းတို့တွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှ အကြမ်းဖက်စစ်ကောင်စီက အာဏာမသိမ်းခင်အချိန်အထိ  ရန်ကုန်တိုင်း (အလုပ်ရှင်၊ အလုပ်သမားရေးရာ) ခုံသမာဓိ အဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့သကဲ့သို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာ ဌာနတွင် ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။