နွေဦးမှာ လင်းလက်သော ဥယျဥ်မှူးများ
ဒီနွေဦး ၂၀၂၁ ဖေဖော်ဝါရီ ၁ဘဝမှာ မေ့မရသောအတိတ်ဆိုးတွေကို စတင်ဖန်တီးသူစစ်ခွေးအာဏာရူး တသိုက်ကြောင့်သာယာနေတဲ့ တို့နိုင်ငံကြီး အမှောင်ကျခဲ့ရ …..ဘယ်သူထင်မလဲစာသင်ခန်းတွေထဲ မြေဖြူကိုင်တဲ့ လက်ပိုင်ရှင်တွေကဖဲကြိုးနီ ပါတဲ့ စာရွက်လေးတွေ ကိုင်ပြီးနွေပူပူ နေပူပူ မှာ ဆန္ဒပြကြရမယ်လို့ …..ဘယ်သူထင်မလဲစာသင်ခန်းတွေထဲ စာသင်ချိန်တွေမှာတပည့် သား၊သမီးတွေနဲ့ဆူလိုက်၊ ခြောက်လိုက်၊ ငိုလိုက်၊ ရယ်လိုက်စာသင်ခဲ့ရတဲ့ အပူအပင်ကင်းကင်း ဘဝတွေကို တိုင်းပြည် အနာဂတ်အတွက်ရာထူးတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ရဲကြမယ်လို့ …..ဘယ်သူထင်မလဲစာသင်ချိန်တွေမှာ ဆရာ၊ ဆရာမ လစ်တာနဲ့ထမင်းမေ့၊ ဟင်းမေ့ ဂိမ်းဆော့နေတဲ့ မျိုးဆက်ကကျောင်းသားဘဝရဲ့ ပျော်စရာအချိန်တွေကိုစာသင်ခန်းတွေ၊ သူငယ်ချင်းတွေ၊ ဆရာမိဘတွေနဲ့ ဝေးရာဒေသတွေမှာတိုင်းပြည်အနာဂတ်အတွက် အသက်တွေနဲ့ရင်းပြီးစစ်ခွေးတွေ အမျိုးပြုတ်ဖို့ တိုက်ပွဲဝင်နေရမယ်လို့ …..ဘယ်သူထင်မလဲဒီနွေဦးမှာ အမှန်တရားမြတ်နိုးသူတွေကပိုင်ဆိုင်မှုတွေ၊ ပျော်ရွှင်မှုတွေကို တိုင်းပြည် အနာဂတ်အတွက်အရာရာပေးဆပ် စွန့်လွှတ်ရဲကြလိမ့်မယ်လို့ …..ဒီနွေဦးမှာအမှန်တရားအတွက်ငါတို့ ရဲရင့်ခဲ့ကြတယ် …..ငါတို့ ပေးဆပ်ခဲ့ကြတယ် …..ငါတို့ စွန့်လွှတ်ခဲ့ကြတယ် …..(နောက်ဆုံး ငါတို့ရဲ့ အသက်တွေတောင်မှပေါ့ )ငါတို့ နောင်တမရပါ။ငါတို့သည် ဒီနွေဦးမှာ လင်လက်သော ဥယျာဥ်မှူးများသာ …..၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာဆရာများနေ့မှာ အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့ကြပါသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆရာသမားအပေါင်းအား ဤကဗျာလေးဖြင့် ဂုဏ်ပြုပူဇော်လိုက်ပါတယ်။ ဆရာသမားအားလုံး ကျန်းမာဘေးကင်းလုံခြုံပါစေ ဆုတောင်းရင်း နွေဦးရောင်နီ
ဒီနွေဦး ၂၀၂၁ ဖေဖော်ဝါရီ ၁
ဘဝမှာ မေ့မရသော
အတိတ်ဆိုးတွေကို စတင်ဖန်တီးသူ
စစ်ခွေးအာဏာရူး တသိုက်ကြောင့်
သာယာနေတဲ့ တို့နိုင်ငံကြီး အမှောင်ကျခဲ့ရ …..
ဘယ်သူထင်မလဲ
စာသင်ခန်းတွေထဲ
မြေဖြူကိုင်တဲ့ လက်ပိုင်ရှင်တွေက
ဖဲကြိုးနီ ပါတဲ့ စာရွက်လေးတွေ ကိုင်ပြီး
နွေပူပူ နေပူပူ မှာ ဆန္ဒပြကြရမယ်လို့ …..
ဘယ်သူထင်မလဲ
စာသင်ခန်းတွေထဲ စာသင်ချိန်တွေမှာ
တပည့် သား၊သမီးတွေနဲ့
ဆူလိုက်၊ ခြောက်လိုက်၊ ငိုလိုက်၊ ရယ်လိုက်
စာသင်ခဲ့ရတဲ့ အပူအပင်ကင်းကင်း ဘဝတွေကို
တိုင်းပြည် အနာဂတ်အတွက်
ရာထူးတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ရဲကြမယ်လို့ …..
ဘယ်သူထင်မလဲ
စာသင်ချိန်တွေမှာ ဆရာ၊ ဆရာမ လစ်တာနဲ့
ထမင်းမေ့၊ ဟင်းမေ့ ဂိမ်းဆော့နေတဲ့ မျိုးဆက်က
ကျောင်းသားဘဝရဲ့ ပျော်စရာအချိန်တွေကို
စာသင်ခန်းတွေ၊ သူငယ်ချင်းတွေ၊
ဆရာမိဘတွေနဲ့ ဝေးရာဒေသတွေမှာ
တိုင်းပြည်အနာဂတ်အတွက် အသက်တွေနဲ့ရင်းပြီး
စစ်ခွေးတွေ အမျိုးပြုတ်ဖို့ တိုက်ပွဲဝင်နေရမယ်လို့ …..
ဘယ်သူထင်မလဲ
ဒီနွေဦးမှာ အမှန်တရားမြတ်နိုးသူတွေက
ပိုင်ဆိုင်မှုတွေ၊ ပျော်ရွှင်မှုတွေကို
တိုင်းပြည် အနာဂတ်အတွက်
အရာရာပေးဆပ် စွန့်လွှတ်ရဲကြလိမ့်မယ်လို့ …..
ဒီနွေဦးမှာ
အမှန်တရားအတွက်
ငါတို့ ရဲရင့်ခဲ့ကြတယ် …..
ငါတို့ ပေးဆပ်ခဲ့ကြတယ် …..
ငါတို့ စွန့်လွှတ်ခဲ့ကြတယ် …..
(နောက်ဆုံး ငါတို့ရဲ့ အသက်တွေတောင်မှပေါ့ )
ငါတို့ နောင်တမရပါ။
ငါတို့သည် ဒီနွေဦးမှာ လင်လက်သော ဥယျာဥ်မှူးများသာ …..
၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာဆရာများနေ့မှာ အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့ကြပါသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆရာသမားအပေါင်းအား ဤကဗျာလေးဖြင့် ဂုဏ်ပြုပူဇော်လိုက်ပါတယ်။ ဆရာသမားအားလုံး ကျန်းမာဘေးကင်းလုံခြုံပါစေ ဆုတောင်းရင်း
နွေဦးရောင်နီ

