ဒေါ်ဂျာထွယ်ပန်

ဒေါ်ဂျာထွယ်ပန်

ပြည်ထောင်စု ဒုဝန်ကြီး

ဒေါ်ဂျာထွယ်ပန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ယူရသူဖြစ်သည်။ ဒေါ်ဂျာထွယ်ပန်သည် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (The London School of Economics and Political Science – LSE ) မှ လူမှုမနုဿဗေဒ (Social Anthropology of Learning and Cognition) ဘာသာရပ် ဘွဲ့လွန်သင်တန်း၊ အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် (Northern Illinois University) မှလည်း မနုဿဗေဒဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။ ကချင်ဒေသ မိုင်ဂျာယန်အခြေစိုက် School of Intensive English Programs (IEP) ကျောင်းတွင် ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ထိုကျောင်းကိုအဆင့်မြှင့်တင်ထားသော Institute of Liberal Arts and Science ၏ ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ Kachinland Research Center တွဲဘက်ညွှန်ကြားရေးမှူး အဖြစ်၎င်း လုပ်ကိုင်ခဲ့ဖူးပြီး၊ နိုင်ငံတကာ သုတေသန ဂျာနယ်များတွင်  သုသေသနစာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။ ကချင်ဒေသတွင်း ပညာရေးမူဝါဒရေးဆွဲရေး လုပ်ငန်း၊ မိခင်ဘာသာစကားအခြေပြု အခြေခံပညာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းလုပ်ငန်းများ တွင်လည်းပါဝင်ခဲ့သည်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း

Dr.စိုင်းခိုင်မျိုးထွန်း

ပြည်ထောင်စု ဒုဝန်ကြီး

ဒေါက်တာစိုင်းခိုင်မျိုးထွန်းသည် ၂၀၀၀ ခုနှစ်တွင် BA Hons. in International Relations ဘွဲ့နှင့် ၂၀၀၂ ခုနှစ်တွင် MA in International Relations ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ၂၀၀၈ ခုနှစ် တွင် ဂျပန်နိုင်ငံ၊ Nagoya တက္ကသိုလ်မှ MA in International Development ကို ထပ်မံရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာ ဖွံဖြိုးတိုးတက်မှု ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (PhD in International Development) ကို ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ် တွင် တက္ကသိုလ်ဆရာအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနစ်တွင် Austria နိုင်ငံ Vienna University သို့ ဧည့်ပါမောက္ခအဖြစ် သွားရောက်ထမ်းဆောင်ခဲ့သည်။ ပြည်တွင်းလူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများတွင်လည်း နိုင်ငံရေးနှင့် သုတေသနလုပ်ထုံး ဆိုင်ရာသင်တန်းများ ပို့ချခဲ့ပါသည်။ ပြည်တွင်းပြည်ပတွင် ပညာရပ်ဆိုင်ရာ စာတမ်းများ၊ ဆောင်းပါးများ‌ ရေးသားခဲ့ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများနှင့် အလုပ်သမားသမဂ္ဂများ၊ ဆရာသမဂ္ဂများ ဖွဲ့စည်းခြင်းတို့တွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှ အကြမ်းဖက်စစ်ကောင်စီက အာဏာမသိမ်းခင်အချိန်အထိ  ရန်ကုန်တိုင်း (အလုပ်ရှင်၊ အလုပ်သမားရေးရာ) ခုံသမာဓိ အဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့သကဲ့သို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာ ဌာနတွင် ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။