mocit-kyisin

ကဗျာ

နွေဦးမှာ လင်းလက်သော ဥယျဥ်မှူးများ ဒီနွေဦး ၂၀၂၁ ဖေဖော်ဝါရီ ၁ဘဝမှာ မေ့မရသောအတိတ်ဆိုးတွေကို စတင်ဖန်တီးသူစစ်ခွေးအာဏာရူး တသိုက်ကြောင့်သာယာနေတဲ့ တို့နိုင်ငံကြီး အမှောင်ကျခဲ့ရ …..ဘယ်သူထင်မလဲစာသင်ခန်းတွေထဲ မြေဖြူကိုင်တဲ့ လက်ပိုင်ရှင်တွေကဖဲကြိုးနီ ပါတဲ့ စာရွက်လေးတွေ ကိုင်ပြီးနွေပူပူ နေပူပူ မှာ ဆန္ဒပြကြရမယ်လို့ …..ဘယ်သူထင်မလဲစာသင်ခန်းတွေထဲ စာသင်ချိန်တွေမှာတပည့် သား၊သမီးတွေနဲ့ဆူလိုက်၊ ခြောက်လိုက်၊ ငိုလိုက်၊ ရယ်လိုက်စာသင်ခဲ့ရတဲ့ အပူအပင်ကင်းကင်း ဘဝတွေကို တိုင်းပြည် အနာဂတ်အတွက်ရာထူးတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ရဲကြမယ်လို့ …..ဘယ်သူထင်မလဲစာသင်ချိန်တွေမှာ ဆရာ၊ ဆရာမ လစ်တာနဲ့ထမင်းမေ့၊ ဟင်းမေ့ ဂိမ်းဆော့နေတဲ့ မျိုးဆက်ကကျောင်းသားဘဝရဲ့ ပျော်စရာအချိန်တွေကိုစာသင်ခန်းတွေ၊ သူငယ်ချင်းတွေ၊ ဆရာမိဘတွေနဲ့ ဝေးရာ‌ဒေသတွေမှာတိုင်းပြည်အနာဂတ်အတွက် အသက်တွေနဲ့ရင်းပြီးစစ်ခွေးတွေ အမျိုးပြုတ်ဖို့ တိုက်ပွဲဝင်နေရမယ်လို့ …..ဘယ်သူထင်မလဲဒီနွေဦးမှာ အမှန်တရားမြတ်နိုးသူတွေကပိုင်ဆိုင်မှုတွေ၊ ပျော်ရွှင်မှုတွေကို တိုင်းပြည် အနာဂတ်အတွက်အရာရာပေးဆပ် စွန့်လွှတ်ရဲကြလိမ့်မယ်လို့ …..ဒီနွေဦးမှာအမှန်တရားအတွက်ငါတို့ ရဲရင့်ခဲ့ကြတယ် …

ကဗျာ Read More »

Gentle Introduction to Deep Learning

https://youtu.be/3dXJytum_KAအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာကော်မတီမှ စီစဥ်သည့် “ Gentle Introduction to Deep Learning” ကို 19-2-2022တွင် ပို့ချခဲ့ပါသည်။ အကြောင်းအမျိုးမျိုး ကြောင့် တက်ရောက်ခွင့်မရလိုက်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘာသာရပ်လေ့လာသူများ ပြန်လည်ကြည့်ရှုလေ့လာနိုင်ပါရန်အတွက် အဆိုပါဗွီဒီယိုဖိုင်အား ပြန်လည် ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။